ဖားကန့် ၊ စက်တင်ဘာ ၁၂
ဖားကန့်မြို့ပေါ် ကောင်းကင်ယံမှာ စစ်တပ်သုံးရဟက်ယာဉ် တစ်ပတ်အတွင်း နှစ်ကြိမ်တိုင် ပျံဝဲခဲ့ကြောင်း သိရသည်။
“ မနေ့က နေ့လည် လေးနာရီထိုးခါနီးမှာ လာဝဲတာ ။ နာရီဝက်လောက်ကြာတယ် ။ ဘာလာလုပ်တာလဲတော့သေချာမပြောတတ်ဘူး ၊ဖားကန့် ၊ လုံးခင်း အဲ့ဒီတစ်ကြောမှာ ဝဲတာ” ဟု ကျောက်လောပန်းတစ်ဦးက ရှမ်းနီအသံကို ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့ နှင့် ၁၁ ရက်နေ့တွင် ပျံဝဲခဲ့ခြင်းဖြစ်သည်။
ရဟက်ယာဉ် ပျံဝဲမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ချို့က စစ်တပ်က ၎င်းတို့၏ လက်နက် နှင့်ရိက္ခာများကို လာပို့ကြောင်း သုံးသပ်ပြောဆိုကြသည်။
ဖားကန့်မြိို့နယ်အတွင်းရှိ စစ်ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ဖားကန့်မြို့နယ်တွင် စစ်တပ်လေယာဉ် ပျံဝဲခြင်းမရှိသည်မှာ ၎င်းတို့ နှင့် KIA တိုက်ပွဲဖြစ်ပွားပြီးသည့် မတ်လနှောင်းပိုင်း ကတည်းက ဖြစ်ကြောင်း ဖားကန့်မြို့ ရေမဆေးများထံမှ သိရသည်။