ယူနက်စကိုရဲ့ အသိအမှတ်ပြု စာရင်းဝင်ထားတဲ့ အင်းတော်ကြီးကန် နဲ့ ဒေသကို သန့်ရှင်းနေစေရေးနဲ့ ထိန်းသိမ်းနိုင်ရေးတို့အတွက် ရည်ရွယ်ပြီးတော့ လွဲမွန်ကျေးရွာအခြေပြုထားတဲ့ အင်းသန့်မွန်အဖွဲ့က အမှိုက်သိမ်း လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့တိုင်း လွဲမွန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ အမှိုက်တွေကို လိုက်လံသိမ်းဆည်းတာ၊ အမှိုက်ခွဲခြားစိတ်ဖြာပြီး မိီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတယ်လို့ အင်းသန့်မွန်အဖွဲ့ ဦးဆောင်သူတွေဆီကနေ သိရပါတယ်။
ဘယ်လိုရည်ရွယ်လဲဆိုရင် ကျွန်တော်တို့ ဒေသ ကမ္ဘာ့အသိအမှတ်ပြုခံရတဲ့ အင်းတော်ကြီးဒေသကို အစဉ်မပြတ် နောင်လာမယ့် ချစ်ခင်မြတ်နိုးသက်အောင်၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ စည်းလုံးညီညွတ်မှုပေါ့ဗျာ၊ သူတို့ကျေးရွာကို ထိန်းထိန်းသိမ်းသိမ်းနေတတ်အောင်ရယ် ၊ ခရီးသွားဧည့်သည်တွေလာရောက်လည်ပတ်တယ်ဆိုလို့ရင် ဒီအင်းတော်ကြီး တည်တည်တံ့တည့် သပ်သပ်ရပ်ရပ်နော့်၊ ထိန်းသိမ်းတတ်အောင်ပေါ့လေ” လို့ ဦးဆောင်သူ စိုင်းမောင်တူး ပြောပါတယ်။
ဒီအဖွဲ့က ၂၀၂၂ ခုနှစ် မေလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတချို့ရဲ့ ထောက်ပံ့မှုနဲ့ ကျေးရွာအတွင်းက ပံ့ပိုးကူညီတဲ့ ငွေအား၊လူအားနဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ တစ်လကို လေးကြိမ်ကောက်တယ်။ တစ်အိမ်ကို တစ်ထောင်ကျပ် လို့ပေါ့ အတင်းအဓမ္မမဟုတ်ဘူး။ပရဟိတဖြစ်တဲ့အတွက် ကျွန်တော်တို့ပြောတယ်။ မထည့်တဲ့သူကိုလည်း ဘာမှမပြောဘူး။ ကျွန်တော်တို့ အိတ်တွေလိုတယ်။ အမှိုက်မီးရှို့ဖို့ သံခြင်းတွေက ကြာတော့ကွေးကုန်တာတွေဖြစ်တယ်” လို့ ၎င်းတို့ရဲ့ လက်ရှိအခြေအနေကို လည်ပတ်ရေးလုပ်ငန်းအခြေအနေကို ရှင်းပြပါတယ်။
အမှိုက်စွန့်ပစ်တဲ့နေရာမှာ စနစ်တကျမရှိခြင်းတွေကြောင့် အမှိုက်သိမ်းလုပ်ငန်းဟာ ပိုကြန့်ကြာမှုတွေကြုံရတယ်လို့ ၎င်းတို့အဖွဲ့ရဲ့ ပြောဆိုမှုအရသိရပါတယ်။
အင်းတော်ကြီးဒေသဟာ ၂၀၁၆ ခုနှစ်မှာ ယူနစကိုလ်က လူသားနှင့်ဇီဝ အဝန်းအဝိုင်းနယ်မြေအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး ထိန်းသိမ်းရေးလုပ်ငန်းအတွက် များစွာလိုအပ်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။