ဩဂုတ် ၉ ၊ အင်းတော်ကြီး
အင်းတော်ကြီးကန်အတွင်းက ယခုနှစ်တွေမှာ ရေနေသတ္တဝါတွေရဲ့ အစာဂေဟစနစ် ပျက်စီးစေနိုင်တဲ့ စုပ်ခွက်ငါးမျိုးစိတ်တွေ့ရှိလာရတယ်လို့ သဘာဝပတ်ဝန်းကျင် လေ့လာထိန်းသိမ်းနေသူတွေက ဆီကနေ သိရပါတယ်။
အင်းတော်ကြီးဒေသမျိုးရင်းငါးမဟုတ်တဲ့ စုပ်ခွက်ငါးမျိုးစိတ်ဟာ အင်းတော်ကြီး ကန်အတွင်းမှာ ဝင်ရောက်ကျက်စားနတောကို ငါးလုပ်ငန်းဦးစီးဌာန တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
“သူက ဘယ်အချိန်ကတည်းကရောက်နေတာလဲ အမလည်းမသိဘူး အခုအမတို့ လစဉ်ငါးစာရင်းကောက်တဲ့မှတ် တမ်းတွေမှာတော့ မတွေ့ဘူး ကိုယ်မမြင်လိုက််တာလည်း ဖြစ်ချင်ဖြစ်မယ် မေးတော့မေးနေတယ် ဒါပေမယ့် ရွာတိုင်းရတာမျိုးလည်း မဟုတ်တဲ့အခါကျတော့ သိပ်ပြီးတော့မကြာသေးခင်ကာလကမှ အင်းထဲရောက်လာတဲ့သဘောပါပဲ” ဟု တောရိုင်းတိရစ္ဆာန်မိတ်ဆွေများအသင်း(Friends of Wildife) အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
စုပ်ခွက်ငါးမျိုးစိတ်ဟာ ဧရာဝတီမြစ်ရေမှတစ််ဆင့် မိုးကောင်းချောင်းထဲ ဝင်လာကာ အဲ့ကနေတဆင့် အင်းတော်ကြီးကန်ရဲ့ ရေဝေရေလဲချောင်းတွေထဲ ရောက်ရှိလာပြီး ကန်ထဲကို လာရောက်ကျက်စားကြတာဖြစ်နိုင်တယ်လို့ သစ်တောဦးစီးဌာနနှင့်အရပ်ဘက်အဖွဲ့အစည်းများက ဆိုထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ ဒေသတွင်း ခရီးသွားတချို့က အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားအနီးမှာ စုပ်ခွက်ငါး တချို့ကိုတွေ့ရှိခဲ့တယ်လို့ ပြောဆိုကြပါတယ်။
“ အင်းတော်ကြီးမှာ တစ်ကောင်တော့တွေ့ဖူးတယ်။ သိပ်တော့မကြာသေးဘူး လကြီးပိုင်းလောက်ပဲရှိအုံးမယ်။ ဘုရားနားမှာပဲ ၊ ငါးတွေလွှတ်ကြတယ်နဲ့တူတယ်” လို့ အင်းတော်ကြီးကန့်အတွင်း စုပ်ခွက်ငါးတွေ့ခဲ့ဖူးတဲ့ ခရီးသွားတစ်ဦးက ပြောဆိုပါတယ်။
အင်းတော်ကြီးဒေသက သစ်တောဦးစီးဌာန နှင့်အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းပြီး “တိုင်းရင်းငါးမျိုး ရေရှည်တည်တံ့ဖို့ စုပ်ခွက်ငါးများသုတ်သင်စို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးဆိုင်းဘုတ်များကို အင်းတော်ကြီးဒေသအတွင်းတွင် လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။
စုပ်ခွက်ငါးတွေကို ထုတ်လုပ်ခြင်း၊မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သိုလှောင်ခြင်း၊ရောင်းဝယ်ခြင်းနဲ့ ဘေးမဲ့လွှတ်ခြင်းများမပြုလုပ်ရန် တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် ဥပဒေအရ အရေးယူမည်ဖြစ်သည်ဟု ဆိုထားပါတယ်။
“ဒီကျူးကျော်မျိုးစိတ်တွေဖြစ်တဲ့ ဆလားဗီးယားပဲပြောပြော ၊ စုပ်ခွက်ငါးပဲပြောပြော ကျူးကျော်မျိုးစိတ်တွေကများပြီးနေရင် ဒေသကရှိတဲ့ နဂိုရှိတဲ့ဂေဟစနစ်ကို ထိခိုက်မှာပဲ ဒေသရင်းငါးတွေက ပျောက်ကွယ်သွားနိုင်တာပေါ့ တစ်ဖြည်းဖြည်းနဲ့ အင်းလေးလိုဖြစ်သွားနိုင်တာပေါ့” ဟု ၎င်းကဆက်ပြောပြပါတယ်။
အဆိုပါငါးမျိုးစိတ်တွေက ဒေသရင်းငါးမျိုးစိတ်များအတွက် အန္တရာယ်ရှိတဲ့ ငါးမျိုးစိတ်တစ်မျိုး ဖြစ်ပြီး မျိုးပွားနှုန်းအဆမတန်များပြားပြီး ဥတစ်ကြိမ်ဥကို ဥ (၂၀၀၀)ခန့်ရှိပြီး ငါးသားလောင်း၊ ရေနေသတ္တဝါငယ်လေးတွေကို စားသုံးတဲ့ငါးအမျိုးအစားတစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။
စုပ်ခွက်ငါးအမျိုးအစားများ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံအတွင်းကို သယ်ဆောင်ရောက်ရှိလာတာက ဆယ်စုနှစ်ကျော်ရှိခဲ့ပြီဟု သိရပါတယ်။