အင်းတော်ကြီးတောင်ထိပ် ကပ်ကျော်လမ်းတွင် အမျိုးသမီးနှစ်ဦး အသတ်ခံထားရသည့် ရုပ်အလောင်းတွေ့

ဇွန် ၁၈ ၊ အင်းတော်ကြီး

အင်းတော်ကြီး နှင့် မိုးညှင်းမြို့ ကပ်ကျော်လမ်းတွင် အမျိုးသမီးနှစ်ဦး အသတ်ခံထားရသည့် ရုပ်အလောင်းကို ယ‌နေ့တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အသတ်ခံထားရသူနှစ်ဦးသည် အသက် (၁၃ ) နှစ် နှင့် အသက် (၁၅) နှစ်အရွယ်ဖြစ်ပြီး အင်းတော်ကြီး မိုင်းနောင်ကျေးရွာ မြနန္ဒာရပ်မှဖြစ်ကြောင်း မိုင်းနောင်အုပ်ချုပ်ရေးမှူးက ပြောသည်။

“ ဘယ်လိုဖြစ်လဲဆို‌တော့ နမ့်မွန်းနတ်ကြီးကုန်းက ကိုဝင်းမြင့်နိုင်တဲ့ သူက ရုန်းခုတ်သွားရင်းတွေ့ခဲ့တာ ။ သူကနေပြီးဖုန်းဆက်ခဲ့လို့ ကျွန်တော်တို့‌တွေ့သွားကြည့်တာ ။ ကောင်မလေးကို မုဒိမ်းကျင့်ပြီးတော့ ကျောက်ခဲနဲ့ ထုခွဲထားတာ” မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် ဇွန်လ ၁၀ ရက်နေ့ကတည်းက ဟဲပုကျေးရွာရှိ ကမ်းခြေတွင် ရေကစားသွားရင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့မှသာ ပျောက်ဆုံးကြောင်း မိုင်းနောင်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်ဟုဆိုသည်။

ထိုဖြစ်စဉ်နှင့် သေမှုသေခင်းဖွင့်လှစ်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်သည့် သဲလွန်စတချို့လည်း ရရှိထားကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *