အင်းတော်ကြီးတွင်လမ်းပေါ်ရပ်ထားသည့်ဆီသယ်ကားကိုတိုက်မိပြီးလင်မယားနှစ်ဦးသေဆုံး

 

နိုဝင်ဘာ ၆ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ အရှေ့ဘက်ကမ်း မနခေါကျေးရွာ  လမ်းမပေါ်ရပ်ထားတဲ့  ဆီသယ်ကားကို လင်မယားနှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်က တိုက်မိပြီး သေဆုံးမှုတစ်ခု နိုဝင်ဘာလ ၅ ရက်နေ့မှာဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ်။ 

ဖားကန့်မြို့နယ်သို့ သွားမယ့် ဆီသယ်ယာဉ်က မနခေါကျေးရွာ စာသင်ကျောင်းရှေ့မှာလမ်းပေါ် ရပ်တန့်ထားပြီး နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၄ နာရီခွဲဝန်းကျင်အချိန်မှာ ကုန်စိမ်းတင်ဆောင်မောင်းနှင်လာတဲ့ လင်မယားနှစ်ဦးရဲ့ ဆိုင်ကယ်က ဝင်တိုက်မိခဲ့ပြီး နှစ်ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။ 

“ မနက် ၄ နာရီဆိုတော့ နှင်းတွေလည်းမှိုင်းထားတော့ ပြီးတော့ရင်လည်း ကားမီးလည်းမမြင်ရဘူး ၊ ဆိုင်ကယ်မီးလည်းမမြင်ရဘူးကောအဲ့လိုမျိုးဖြစ်သွားတော့  ကားကလည်း ချရင်လည်း လမ်းအောက်ကိုချထားရင်လည်းလွတ်ရှာတာပါ့ ကားဘီးကလည်းအောက်ကိုမချတာနဲ့ ခေါင်းပဲတည့်ထားပြီးတော့ ဖင်ပိုင်းက ကျန်ထားတော့ အဲ့မှာတိုက်မိတာပေါ့” လို့ မနခေါ စာသင်ကျောင်းအနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

သူတို့နှစ်ဦးနှင့်အတူ လသားအရွယ် ကလေးငယ်တစ်ဦးပါပြီး  မနက်စျေးမှာရောင်းဖို့ နန့်မွန်းမြို့မှ ကုန်စိမ်းများ ဝယ်ယူပြီးအပြန်မှာ တိုက်မိတာဖြစ်ပြီး  ကလေးငယ် က်နှာထိခိုက်ဒဏ်ရာသာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက်သေဆုံးသူနှစ်ဦးကို မနက် (၇) အချိန်မှ လူမှုကူညီရေးအသင်းတွေကို ဆေးရုံကို သယ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် (၁၀)လအတွင်းမှာ ယာဉ်တိုက်မှုဖြစ်စဉ်  ၁၂၇ ခုဖြစ်ပွားခဲ့ပြီး ၁၄၄ ဦး ဒဏ်ရာရှိကာ ၉၂ ဦးသေဆုံးခဲ့တယ်လို့  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *