အင်းတော်ကြီးဒေသက အရှေ့ကမ်း နဲ့ အင်းမြှီးဒေသတွေမှာ MPT ဖုန်းလိုင်းတွေပျက်တောက်နေတာ ရက်သတ္တ တစ်ပတ်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့နယ် မြောက်ပိုင်း နဲ့ အနောက်ဘက်နေရာတချို့တို့မှာ ဖုန်းလိုင်းတွေက ရက်သတ္တပတ်ကြာ ပျက်တော်ကနေခဲ့တာလည်းဖြစ်ပါတယ်။
“ အင်းတော်ကြီးဒေသ လိုင်းတွေအကုန်းလုံးပြတ်တာပဲ တစ်ချက်တစ်ချက်တော့ပေါ်ခဲ့တယ် အဲ့လိုမျိုး” လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
အင်းတော်ကြီးဒေသမှာ ဖေဖော်ဝါရီလ (၄) ရက်နေ့မှာ တခြားအော်ပရေတာတွေ လိုင်းပြန်ရခဲ့ပေမယ့် MPT ကတော့ အင်းမြှီးဒေသမှာ ဆက်လက်ပြတ်တောက်နေတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ် အနောက်ဘက် နဲ့ မြောက်ဘက်ဒေသတို့မှာ ဖေဖော်ဝါရီလ (၇) ရက်နေ့မှ MPT လိုင်းပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
ဖုန်းလိုင်းပြတ်တောက်တဲ့ဒေသတွေမှာ Mytel ဖုန်းလိုင်းကတော့ တစ်ကြိမ်တစ်ခါမှ မပျက်ဖူးကြောင်း ဒေသခံတွေဆီက သိရပါတယ်။