မတ် ၁၆ ၊
အင်းတော်ကြီးဒေသက သဘာဝပတ်ဝန်းကျင် လေ့လာရေးကျောင်းသူ/ကျောင်းသားတွေအတွက် ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း(အင်းတော်ကြီး) အိပ်ဆောင်တည်ဆောက်မှုကို ဒီနေ့ မတ်လ (၁၆) ရက်နေ့ မနက်ပိုင်းမှာ ပန္နက်ရိုက်ခဲ့တယ်လို့သိရပါတယ်။
အင်းတော်ကြီး ရှမ်းနီစာပေနဲ့ရိုးရာယဉ်ကျေးမှုအသင်း ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးသန်းစိန်က အခုလိုပြောပြပါတယ်။
“ အဓိကတော့ အင်းတော်ကြီးက အလယ်တန်း/အထက်တန်းကျောင်း တစ်လကိုနှစ်ကျောင်းပေါ့ အဲ့မှာလေ့လာရေးပေါ့လေ အဲ့မှာ ပုဂ္ဂလိကအိပ်ဆောင်ဆိုရင် မလွယ်ဘူးလေ “
တည်ဆောက်တဲ့ အိပ်ဆောင်က အင်းတော်ကြီးဒေသ ရှမ်းနီဓမ္မာရုံဝန်းထဲမှာဖြစ်ပြီး အင်းကန်ရေပြင်ဘက်ကို မျက်နှာမူပြီး တည်ဆောက်သာဖြစ်ကြောင်း သိရပါတယ်။
အင်းတော်ကြီးဒေသရဲ့ သဘာဝပတ်ဝန်းကျင် ၊ သယံဇာတနဲ့ အမွေအနစ်တွေအကြောင်းကို ကျောင်းသားလူငယ်လာရောက်လေ့လာတဲ့အခါမှာ အထောက်အကူဖြစ်ဖို့လို့ဆိုပါတယ်။
အင်းတော်ကြီးဒေသကို Man and Biosphere ယူနစကိုစရင်းဝင်အဖြစ် ၂၀၁၆ ခုနှစ်မှာ ကမ္ဘာကသတ်မှတ်ခဲ့ပြီးတော့ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်လာခဲ့ကြပါတယ်။
အင်းတော်ကြီးကန်က မြန်မာနိုင်ငံရဲ့အကြီးဆုံးကန်တစ်ခုဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားအများဆုံးနေထိုင်ကာ နှစ်စဉ်ဆောင်းခိုငှက်တွေလာရောက်ကျက်စားတဲ့ ဒေသခံတစ်ခုလည်းဖြစ်ပါတယ်။