အင်းတော်ကြီးဒေသမှာ  ကား၊ဆိုင်ကယ်  လိုင်စင်ဖမ်းဆီးမယ့်ကြေညာချက်  ဒေသခံတွေစိုးရိမ်နေ 

ဒီဇင်ဘာ ၅ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသမှာ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များကို ဒီဇင်ဘာလ(၄)ရက်နေကနေ ဖမ်းဆီးမယ်လို့ အင်းတော်ကြီးမြို့ (လုံးတုံ) စစ်ဆေးရေးဂိတ် နဲ့ မြို့အုပ်ချုပ်ရေးဌာနက  ကြေညာထားပါတယ်။ 

ဒီလိုဖမ်းဆီးမယ့်အတွက်ြောင့် ဒေသခံတွေကြားမှာ ပုံစံအမျိုးမျိုးနဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်လို့ ပြောဆိုကြပါတယ်။ 

“ကုန်စည်စီးဆင်းမှုကတော့နောက်နှေးသွားမယ်ပေါ့နော် ဘယ်လိုပြောမလဲ ကားတွေကလည်းဒီဘက်ကမောင်းတဲ့ ကားတွေက အားလုံးက ဝစ်တောက်က ပိုများတယ်၊ ကုန်ဈေးနှုန်းတွေတက်သွားမယ် ဘာကြောင့်လဲဆိုတော့ ကိုယ်တွေက မိုးညှင်းကိုပဲအားကိုးပြီးလုပ်ရတာလေ ဒီကုန်စည်တွေ စားသောက်ကုန်တွေက မိုးညှင်းမှာပဲ သွားသွားဝယ်ကြတာလေ” လို့ အင်းတော်ကြီးဒေခံလူငယ်တစ်ဦးက ပြောပြပါတယ်။

ဖမ်းဆီးမှုတွေလုပ်ဆောင်မည်ဆိုခြင်းကြောင့် ကုန်စည်စီးဆင်းနဲ့  ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို ဒေသခံများကစိုးရိမ်နေကြပါတယ်။

အင်းတော်ကြီးဒေသမှာ အများဆုံးအသုံးပြုနေကြတဲ့ ကား၊ ဆိုင်ကယ်တွေဟာ လိုင်စင်မဲ့တွေသာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ဖမ်းဆီးမှုတွေမပြုလုပ်မှီ  ဆိုင်ကယ်လိုင်စင်တွေကို ကျေးရွာတွေအထိကွင်းဆင်းပြီးတော့ အရင်လုပ်ပေးသင့်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဖမ်းဆီးခံရပါက ဆိုင်ကယ်တစ်စီးကို  ငါးသိန်းကျပ် ကားတစ်စီးလျှင် ဆယ့်ငါးသိန်းကျပ် ပေးဆောင်ရမယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

ဒီဇင်ဘာလ (၄)ရက်နေ့မှာ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များကို ဖမ်းစီးမယ်လို့ကြေညာထားပေမယ့်  လိုင်စင်မရှိတဲ့ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာမှုများရှိနေပြီး ဖမ်းဆီးခံရမှုမရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *