
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ စပါးရိတ်သိမ်းရာသီရောက်နေပေမယ့် ရိတ်ခြွေစက်တွေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
“ ဒီဘက်အင်းတော်ကြီးဒေသမှာ အရင်က သံလမ်းက အောက်ပိုင်းက ရိတ်ခြွေစက်တွေတက်တယ် ဘာကြောင့်ရှားလာလဲဆိုတော့ ဟိုဘက်ချောင်းဝပြည်သူ့စစ်ဂိတ်နေရာဟောင်းမှာ ကေအိုင်အေတွေလာထိုင်ထားပီး ရိတ်ခြွေစက်ဖိုးတွေကောက်နေတယ်လို့ ကြားမိတယ် ဒါကြောင့်မလာကြတော့ဘူး လာတော့လာကြတယ်နည်းတာပေါ့ ဗမာစစ်တပ်ကလဲစစ်ကြောင်းထိုးလာတာဆိုတော့ စစ်ဖြစ်မှာစိတ်ပူပြီး မဝင်ကြတော့တာ ဒါကြောင့်ရှားလာတာပါ ခါတိုင်းဆိုလာရိတ်ချင်တဲ့စက်တွေများလို့ပါ့ အရမ်းပေါတယ် ဒီနှစ်တော့မဝင်ဘူး” လို့ အင်းတော်ကြီးအရှေ့ကမ်းက တောင်သူတစ်ဦးက ပြောပြပါတယ်။
ယခင်နှစ်တွေမှာ စပါးရိတ်ခြွေစက်တွေကပေါများပေမယ့် ဒီနှစ်မှာတော့ ဝင်လာသူတွေမရှိသလောက်နည်းပါးတယ်လို့ ဆိုကြပါတယ်။
ရိတ်ခြွေစက်ရဖို့အတွက် အင်းတော်ကြီးဒေသကနေ ဟိုပင် ၊ မိုးညှင်းမြို့တွေဆီမှာ ကိုယ်တိုင်သွားလိုက်ခေါ်ရသလို၊ လမ်းမှာ စစ်တပ်နဲ့ KIA က ကောက်ခံတဲ့ ငွေကြေးတွေကိုလည်း ရှင်းပေးရတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
ဒီလိုရှားပါးမှုကြောင့် စပါးရိတ်နောက်ကျမှာကို တောင်သူတွေစိုးရိမ်နေကြပါတယ်။
စပါးစျေးတွေမြင့်တက်နေတဲ့ကာလမှာ စပါးကို မြန်မြန်ရိတ်သိမ်းပြီး ရောင်းချင်ကြပေမယ့် ရိတ်ချွေစက်မရှိတာ၊ ကောက်ရိတ်သမ မရှိတာတွေကြောင့်အခက်အခဲတွေဖြစ်တယ်လို့ တောင်သူတွေက ငြီးညူကြပါတယ်။
အင်းတော်ကြီးဒေသမှာ အရင်ကကောက်ရိတ်သမတွေလူတွေနဲ့ ရိတ်ကြပေမယ့် အခုအချိန်တွင် ရိတ်ခြွေစက်ကိုပဲအသုံးပြုနေကြတာဖြစ်ပါတယ်။