ဇန်နဝါရီ ၁၅ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသထဲကို ယခုနှစ်မှာ ဆောင်းခိုငှက်အကောင်ရေ တစ်သောင်းခွဲကျော်ခန့်ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ပိုတိုးများနေတာကို Myanmar – Fauna & Flora International (FFI) အဖွဲ့စာရင်းတွေအရ သိရပါတယ်။
အင်းတော်ကြီးကန် နှင့် ဒေသအတွင်း နဂိုမူလနေထိုင်ကျက်စားနေတဲ့ ဒေသရင်းငှက်အကောင်ရေက (၆၀၀၀) ခန့်ရှိနေပြီး ဆောင်းခိုငှက်အကောင်ရေက (၁၅၀၀၀)ကျော်ခန့်နှင့် စုစုပေါင်းအကောင်ရေ (၂၁၀၀၀)ကျော်ခန့် ရှိနေတယ်လို့ ဆိုပါတယ်။
“ ငှက်တွေကများသောအားဖြင့် အကုန်လုံးနီးပါးကို အများကြီးတော့တွေ့ရပါတယ် အများဆုံးတွေ့ရတာက ဘဲGoose ဘဲငန်းတို့အများဆုံးတွေ့ရတယ် ပြီးတော့မှ ကြိုးကြာခေါင်းမည်းတို့ အေ့ဒီငှက်တွေကို တော်တော်များများတွေ့ရတယ်ဗျ’ ဟု အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။
ဆောင်းခိုငှက်မျိုးစိတ်နှင့် ဒေသရင်းငှက်မျိုးစိတ် စုစုပေါင်း ငါးဆယ်နီးပါးရှိပြီး ဆောင်းခိုငှက်မျိုးစိတ်က လေးဆယ်နီးပါးရှိနေကာ နှစ်စဉ်ပုံမှန်လာရောက်နေကျ မျိုးစိတ်များလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသရင်းငှက်မျိုးစိတ်တွေက ၂၀၁၇ခုနှစ်ပထမဆုံးအကြိမ်ကောက်ယူမှုတွင် မျိုးစိတ်ပေါင်း(၁၇)မျိုး၊ အကောင်ရေ(၆)ထောင်ကျော်ရှိခဲ့ပေမယ့် ယခုနှစ်တွေမှာ အကောင်ရေ(၆)ထောင်ဝန်းကျင်သာ ကျန်ရှိတော့တာကို စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၃ခုနှစ်မှာ အင်းတော်ကြီးဒေသထဲကို ဆောင်းခိုငှက်အကောင်ရေ (၉)ထောင်ကျော်သာ လာရောက်ဆောင်းခိုခဲ့တာလည်း ဖြစ်ပါတယ်။