အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် မကွဲသေးသည့်လက်နက်ကြီးကျည်ဆော့ရင်းကစားရင်း (၁၂) အရွယ်ကလေးသေဆုံး

အောက်တိုဘာ ၂၂ ၊​ အင်းတော်ကြီး

အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ ရပ်ကွက် (၂) ရှိ နေအိမ်တစ်ခုတွင် အသက်(၁၂) အရွယ် ကလေးတစ်ဦးက မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို သွားယူဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်​။

ထိုအခင်းဖြစ်ပွားမှုသည် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ (၆​) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ အဲ့တာက လက်နက်ကြီးကျည်လို့ပြောတယ် ၊ အရင်တစ်ခါ တိုက်ပွဲဖြစ်တော့ ဆန်စက်ဝင်းနားမှာ မပေါက်သေးတဲ့ကျည်ရှိတယ် ၊ အဲ့ကလေးက အဲ့နားက သွားယူလာခဲ့ပြီး အိမ်ကဝရံတာနားမှာ ပွတ်ဆော့တာထင်တယ်၊ အဲ့တာနဲ့ပေါက်သွားတာ “ ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပေါက်ကွဲမှုကြောင့် ထိုကလေး ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ညတွင်းချင်း နန့်မွန်းတိုက်နယ်ဆေးရုံ ရင်ခွဲရုံသွားပို့ဆောင်ထားခဲ့ကြောင်း ရပ်မိရပ်ဖ တစ်ဦးက ပြောကြားသည်။​

နန့်မွန်းပြည်သူ့စစ်စခန်းကို မေလ ၂၉ ရက်နေ့က KIA ဝင်တိုက်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *