အင်းတော်ကြီးဒေသ နန့်မွန်းမြိုမှာ အရပ်သားတစ်ဦးနေအိမ်တွင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ဇန်နဝါရီ ၁၃ ၊ အင်းတော်ကြီး

အင်းတော်ကြီးဒေသ နန့်မွန်းမြိုမှာ ဒေသဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသူ ကိုဆန်းလင်းစိုးကို အမည်မသိလက်နက်ကိုင်များက ဇန်နဝါရီလ ၁၃ ရက်နေ့ည ၇ နာရီကျော် အချိန်မှာ နေအိမ်အတွင်း လာရောက်ပစ်သတ်သွားတယ်လို ၎င်းနှင့် နီးစပ်သူများထံမှ သိရပါတယ်။

“ သေသွားတာပါ့မောင် ၊ သေသွားတော့ အိမ်ကိုပြန်သယ်ခဲ့ပြီ၊ ဘယ်အဖွဲမှန်းတော့မသိဘူး၊ သေနတ်သံကတော့ များတယ် ဖောင်း ဖောင်း ဆိုပြီး သေနတ်အရှည်သံပါ့” လို သူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ည ၇ နာရီကျော်အချိန်မှာ သေနတ်ကိုင်ဆောင်ထားသူများက နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီးတော့ သေနတ်ဒဏ်ရာများဖြင့် နန့်မွန်းမြိုဆေးရုံကို ကုသဖိုသွားရောက်ခဲ့ပေမယ့်လည်း သေဆုံးခဲ့တာဖြစ်တယ်လိုသိရပါတယ်။

သူ့ကို နေအိမ်အတွင်းပစ်လာရောက်ပစ်သတ်သွားတဲ့ သေနတ်ကိုင်များက ဘယ်အဖွဲအစည်းဆိုတာကိုတော့ ဒေသခံတွေက ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။

ကိုဆန်းလင်းစိုးဟာ အင်းတော်ကြီးဒေသ ဟဲပု၊ ဟဲပါး၊ လယ်ပုံလေး စတဲ့ ကျေးရွာတွေမှာ လူထုအခြေခံခရီးသွားလုပ်ငန်း (CTEG) ကို လုပ်ဆောင်နေသလို သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် ပူးပေါင်းပြီး ဒေသတွင်းမှာ လက်မှုသင်တန်းအမျိုးမျိုးပေးနေသူတစ်ဦးလည်းပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်းတော်ကြီးဒေသတွင်း NLD ပါတီလွတ်တော်အမတ်၏ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်းမှာ NLD ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *