အင်းတော်ကြီးဒေသ နန့်မွန်းမြို့ ရေကြီးရေလျှံမှုဖြစ်

ဇူလိုင် ၈ ၊​အင်းတော်ကြီး 

အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ ဒီနေ့ ဇူလိုင်လ (၈) ရက်နေ့ မနက် (၄) နာရီကျော်ကစလို့ အခုအချိန်ထိရေကြီးလျှံမှုဖြစ်ပွားနေတာတယ်လို့ ရေနစ်မြှုပ်နေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ကျွန်တော်တို့အိမ်နားကချောင်း ၊ အဲ့နားက တံတားတောင်မြှုပ်သွားတယ်။ မိုးရွာလို့ရေကြီးတာပါ့။ ကျွန်တော်တို့အိမ်နားက ပေါင်လောက်တောင်မကဘူး၊ကျွန်တော့်အိမ်နားအကုန်မြှုနေတာ။ ရိုးရိုးသားသားရေကြီးသာပါ့” လို့ နန့်မွန်း ရှမ်းကုန်းရပ်က ဒေသခံတစ်ဦးကပြောပြပါတယ်။ 

ဇူလိုင်လ(၇) ရက်နေ့ညမှာ အင်းတော်ကြီးဒေသ နန့်မွန်းတောင်ပတ်ဝန်းကျင်မှာမိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့လည်း သိရပါတယ်။ 

အင်းတော်ကြီးဒေသမှာ နန့်မွန်းမြို့နယ် မိုင်းနောင်ကျေးရွာတွေက မိုးရာသီမှာ ရေကြီးရေလျှံမှုဒဏ်ကို ခံစားရတဲ့ နေရာတွေလည်းဖြစ်ပါတယ်။ 

လက်ရှိတော့ ရေက တဖြည်းဖြည်းလျှော့ကျလာနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *