အင်းတော်ကြီးနမ့်မီးလောင်ကျေးရွာကလယ်တောသွားတဲ့သားအမိနှစ်ဦးမိုင်းပေါက်ကွဲပြီးမိုင်းစထိမှန် 

မေ ၁၆ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ နန့်မီးလောင်ကျေးရွက တောင်သူ သားအမိလေးဦး ဒီနေ့မနက် ၈ ခွဲကျော်အချိန်မှာ လယ်တောသွားရင်း နန့်မီးလောင်မှ ညောင်ပင်ရွာဘက်အထွက် နတ်ကြီးစင်ရေတွင်းအနီး မိုင်းပေါက်ကွဲပြီး  နှစ်ဦးမိုင်းစထိမှန်ခဲ့တယ်လို့ သိရပါတယ်။ 

“ လယ်တောထဲသွားမယ်ဆိုတော့ ၈နာရီခွဲလောက်မှာ ကားလမ်းကလည်းရှင်းတော့ ကတ္တရာလမ်းပေါ်သွားတာ  သွားတော့ အဲ့နားအရောက်မှာ မမျှော်လင့်ပဲ မိုင်းကွဲလာတယ်ပေါ့  မိုင်းကွဲတာလည်းအပေါ်မှာ နတ်ကြီးစင်ရှိတာပေါ့ နတ်ကြီးစင်မှာကလည်း နတ်ကြီးတက်နေတဲ့ ဆယ်ယောက်ဆယ့်နှစ်ယောက်လောက်ပါမယ်ပေါ့ ၊ ကလေးတွေလည်းပါတော့ ရေခပ်ဆင်းလာတယ် ။ရေတွင်းကလမ်းဘေးနားမှာရှိတာပေါ့နော်  ရေခပ်ဆင်းလာတဲ့အခါမှာ ခွေးပါတယ်။ ခွေးနှစ်ကောင်ပါခဲ့တယ် ခွေးက သူတို့သွယ်တန်းထားတဲ့ မိုင်းကြိုးကိုနင်းမိလို့ ကွဲတယ်လို့ပဲယူဆရတယ်” လို့ နန့်မီးလောင် ရပ်မိရပ်ဖတစ်ဦးက ဖြစ်စဉ်ကိုပြောပြပါတယ်။ 

ဒီမိုင်းတွေက ကတ္တရာလမ်းဘေးမြောင်းအတွင်းမှာထောင်ထားတာဖြစ်ပြီး  စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ထောင်းထားတဲ့ မိုင်းဖြစ်တယ်လို့လည်း ပြောဆိုမှုတွေရှိပါတယ်။ 

မိုင်းပေါက်ကွဲမှုနဲ့ ထိုမိသားစုတို့က ၄ ကိုက်အကွာမှာရှိနေသာကြောင့် ထိခိုက်မှုအနည်းငယ်သာရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ 

မိုင်းထိမှန်တဲ့ သားအမိနှစ်ဦးကို လွဲမွန်ဆေးရုံမှာ ဆေးကုသမှုခဲ့ပြီး မိုးညှင်းဆေးရုံကို မနက်ဖြန်မှာ ဆေးကုသမှုတချို့ပြုလုပ်သွားမှာလို့သိရပါတယ်။ 

“ သားမိနှစ်ယောက်က ဆေးရုံခဏသွားပြပြီးမှ ဆေးလေးဘာလေးထိုးပြီး ။ အရိုးကိုထိသွားမှာစိုးတယ်ပေါ့ အရှိန်နဲ့ကွဲလာတာဆိုတော့ မနက်ဖြန်ကိုတော့ မိုးညှင်းဆေးရုံကိုသွားပြီးတော့မှ  ဓာတ်မှန်လေးဘာလေးသွားရိုက် စစ်ဆေးပေးပါဆိုပြီးတော့ ဆေးရုံက ဆရာဝန်တွေအဲ့လိုညွှန်ကြားခဲ့တယ်တဲ့ ၊” လို့ ဒေသခံတစ်ဦးပြောပါတယ်။ 

မိုင်းပေါက်ကွဲတဲ့နေရာမှာ နောက်ထပ်မပေါက်သေးတဲ့မိုင်းတစ်လုံးလည်းရှိနေသေးပြီး လက်ရှိအချိန်ထိ မရှင်းလင်းနိုင်သေးဘူးလို့လည်း သိရပါတယ်။ 

စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို မေလ ၁၃ ရက်နေ့မှာ နမ့်ပတဲကျေးရွာနဲ့ ကုန်းမနကျေးရွာကြားမှာ မိုင်းဆွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

https://www.facebook.com/shannivoicenewsjournal/

Leave a Reply

Your email address will not be published. Required fields are marked *