အင်းတော်ကြီးမိုင်းနောင်ကျေးရွာမှာလေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်ယာယီစျေးနှင့်လူနေအိမ်အများအပြားပျက်စီး

ဧပြီ ၁၈ ၊ မိုင်းနောင်

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှာ ဧပြီလ ၁၇ ရက်နေ့ညက လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယာယီစျေးတစ်ခုလုံးနီးပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

“ ၁၂ ခွဲလိုက်တိုက် ကြာတော့မကြာဘူး ကြမ်းသွားတယ်။ ယာယီလုပ်ထားတဲ့စျေးရယ်။ ရွာထဲက နေအိမ်တွေရယ် အမိုးတွေလန်တာတော့ရှိတယ်။ စျေးအသစ်မှာလည်းခေါင်မချုပ်ထားတဲ့ အမိုးတွေလန်သွားတယ်။ စျေးအဟောင်းကတော့ ၇၅ ရာခိုင်းကတော့ ပြားသွားတယ်” လို့ မိုင်းနောင်ကျေးရွာရဲ့ ကျေးရွာရပ်မိရပ်ဖဖြစ်တဲ့ ဦးသန်းစိန်ပြောပြပါတယ်။ 

ယာယီစျေးအပြင် တည်ဆောက်နေဆဲဖြစ်တဲ့ စျေးအသစ်ကလည်း သွပ်မိုးလံပြီးပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သူကဆိုပါတယ်။ 

လေပြင်းမုန်တိုင်းတိုက်ခတ်မှုက နာရီဝက်ခန့်သာကြာမြင့်ပြီး ကျေးရွာအတွင်း နေအိမ်တွေပျက်စီးသလို သစ်ပင်တွေအများအပြားလည်း ကြိုးကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

ဧပြီလ ၁၇ ရက်နေ့က အထက်မြန်မာပြည်တစ်ဝန်းမှာ မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး တချို့ဒေသတွေမှာ မိုးသီးကျတာ ၊ လေပြင်းတိုက်ခိုက်တာတွေဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *