အင်းတော်မြို့နယ်က အုပ်ချုပ်ရေးမှူးတစ်ဦး အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီးနောက် နှုတ်ထွက်စာတင်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု ၊ အုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်ခင်က  အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီးနောက် နှုတ်ထွက်စာတင်ထားကြောင်း သိရပါတယ်။ 

နုတ်ထွက်စာကို ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီကို တင်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီလ ၆ ရက်နေ့ည ၁၀ နာရီ အချိန်က သူကို အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်ကနေ အပြီးပိုင် နုတ်ထွက်ခြင်းဖြစ်တယ်လို့ သူ့ရဲ့ နုတ်ထွက်စာထဲမှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေက အသတ်ခံရမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

အင်းတော်နဲ့နယ်ခြင်းထိစပ်နေတဲ့ ထီးချိုင့်မြို့နဲ့  ကသာမြို့မှာလည်း အုပ်ချုပ်ရေးမှူးအများစုနုတ်ထွက်ထားပြီးဖြစ်ပါတယ်။ 

မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁၇၈ယောက်နှုတ်ထွက်ထားပြီ အများစုကတော့ စစ်ကိုင်းတိုင်းထဲကဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *