အင်းတော်မြို့နယ်နတ်မဟုတ်ကြီးရွာအနီးကမောင်းတံဂိတ်မှာပိုက်ဆံကောက်နေသူတွေပစ်သတ်ခံရ 

ဧပြီ ၅ ၊ အင်းတော် 

အင်းတော်မြို့နယ်ထဲက အင်းတော်-နန့်စီးအောင် လမ်းအသုံးပြုခကောက်ခံနေသည့် နတ်မဟုတ်ကြီးရွာအနီးက မောင်းတံဂိတ်မှာ ပိုက်ဆံကောက်သူ လေးဦး ဧပြီလ ၃ ရက်နေ့မှာ ပစ်သတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ 

ကုန်ကား နဲ့ ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဂိတ်တွေထဲကမှ နတ်မဟုတ်ကြီးကျေးရွာအနီးက ဂိတ်နှစ်ခုကို လမ်းရှင်းလင်းရေးပြောက်ကျား အဖွဲ့အစည်း တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး ပြန်လည်ခုခံတဲ့ ဂိတ်စောင့်ဝန်ထမ်းလေးဦးသေဆုံးတယ်လို့ INDAW PDF အဖွဲ့ကထုတ်ပြန်ပါတယ်။ 

ဒီလိုနောက်ဆက်တွဲဆက်ကောက်မယ်ဆိုရင် အသက်အာမ မခံဘူးလို့လည်းပြောဆိုထားပါတယ်။ 

နန့်စီးအောင်က ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းနယ်စပ်နေရာဖြစ်ပြီး ဂိတ်ပေါင်းစုံရှိပြီး စစ်ဆေးရေးဂိတ်တွေအများဆုံးရှိတဲ့နေရာလည်းဖြစ်ပါတယ်။ 

အင်းတော် နဲ့ နန့်စီးအောင်ကြားထဲမှာ စစ်ကောင်စီတပ်တွေကလည်း ရံဖန်ရံခါ ခရီးသွားကားတွေနဲ့ ကုန်ကားတွေကို စစ်ဆေးမှုတွေလည်းပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *