ဇွန် ၂၄ ၊ အင်းတော်
အင်းတော် – ဗန်းမောက်လမ်းပိုင်းကို ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းကနေ မနက်ဖြန် ဇွန် ၂၅ ရက်နေ့အထိ တစ်ရက်ပိတ်ထားမယ်လို့ Indaw Revolution က သတင်းထုတ်ပြန်ပါတယ်။
“ သုံးဘီး ၊ ဆိုင်ကယ် ၊ ကား စသည့် မည်သည့်ယာဥ်မှ ဒီနေ့တစ်ရက် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေငြာလိုက်သည်။ စည်းကမ်းမလိုက်နာပဲ တစ်စုံတစ်ရာဖြတ်ပွားခဲ့ပါက မိမိတို့ဒေသကာကွယ်ရေးအဖွဲ့မှ လုံးဝတာဝန်မယူပါခင်ဗျ။” လို့ ထုတ်ပြန်တာလည်းဖြစ်ပါတယ် ။
အင်းတော်- ဗန်းမောက်လမ်းပိုင်းက နန့်သာ ၊ အောင်းကုန်း ၊ ရွာသာယာ စတဲ့ ရွာတွေမှာ မနေ့ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီနေ့ ဒေသခံ ကာကွယ်ရေးတပ်တွေက လမ်းပိိုင်းပိတ်ထားတယ်ဆိုပေမယ့် လိုင်းကားအသွားအလာတွေရှိနေသလို၊ အင်းတော်ကနေ ဗန်းမောက်ကို ပစ္စည်းလာရောက်ပို့တဲ့သူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇွန်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အောင်းကုန်း ၊ မော်တိတ် စတဲ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ကောင်စီဘက်က အကျအရှုံးများ Indaw Revolution က ဆိုပါတယ်။
NUG က စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးက လမ်းမကြီး ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီလို့လည်း ဇွန်လ ၂၁ ရက်နေ့မှာ ပြောဆိုထားပါတယ်။