အင်းတော် ၊ ထီးချိုင့် ၊ ရွှေဂူလမ်းပိုင်းတချို့ပိတ်မည်

ဖေဖော်ဝါရီ ၇ ၊ ထီးချိုင့်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်ထဲက လမ်းပိုင်းတချို့ကို ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစတင်ပြီး ပိတ်ထားမယ်လို့ ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး အဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ဖြစ်တဲ့ ကြာညှပ်ကျေးရွာနှင့် ထီးချိုင့်လမ်းပိုင်း ၊ မောင်းကုန်း-ငါအိုး-ရွှေကူ လမ်းပိုင်း နှင့် ထီးချိုင့်-ကျောင်းကုန်း ၊ ကျောင်းကုန်း- အင်းတော် လမ်းပိုင်းတွေကို ပိတ်ပင်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

ပြည်သူ့လူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ကာကွယ်ဖို့နဲ့ လုံခြုံရေးဖြည့်စွက်ဖို့ဆိုတဲ့ အချက်နှစ်ချက်နဲ့ လမ်းပိုင်းတွေကို ပိတ်ပင်တာလည်းဖြစ်ပါတယ်။

“ အခုက ပိတ်မယ်ဆိုတော့ လမ်းပိုင်းတွေက အကုန်ပိတ်လိုက်တော့တာပေါ့၊ ဒီဘက် မန်းလေးလမ်းပိုင်းရော၊ အကုန်ပိတ်ပြီပေါ့လေ။ “ လို့ သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေမှာ အရေးပေါ်ကိစ္စတွေရှိရင် ဒေသဆိုင်ရာရဲဘော်တွေရဲ့ ခွင့်ပြုချက်တောင်းခံဖို့နဲ့ အသိပေးချက်ကို လိုက်နာမှုမရှိတဲ့ ကားသမားတွေအနနေနဲ့လည်း ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် ဖြေရှင်းပေးမှာမဟုတ်တဲ့အကြောင်း တစ်ပါးတည်းထုတ်ပြန်ထားပါတယ်။

အင်းတော်-ကျောင်းကုန်းလမ်းပိုင်းဟာ မကြာခဏပိတ်ပင်ခံရတဲ့လမ်းပိုင်းတစ်ခုဖြစ်ပြီး မန္တလေး-စစ်ကိုင်း- ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဗျူဟာလမ်းတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *