အဆက်ဆက်ကအစိုးရအဖွဲ့တွေမူးယစ်ဆေးဝါးထုတ်လုပ်၊ရောင်းဝယ်နေတဲ့သူတွေဆီကနေလာဘ်ယူပြီးမျက်ကွယ်ပြုနေတယ်လို့ RCSS/SSA ဆို 

Photo/ tai freedom

ဇွန် ၂၆ ၊ လွိုင်တိုင်းလျှန်း

ခေတ်အဆက်ဆက်အက အစိုးရအဖွဲ့တွေက မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်နေတဲ့သူတွေဆီကနေလာဘ်ယူပြီး မျက်ကွယ်ပြုနေတာကြောင့် လွတ်လပ်စွာသယ်ယူလို့ရနေတာလည်းဖြစ်တယ်လို့ RCSS/SSA က ဥက္ကဌ စဝ်ရွက်ဆစ်က ပြောကြားလိုက်ပါတယ်။ 

ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာ မူးယစ်တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတွေကလည်း မူးယစ်ဆေးဝါးဘေးအန္တရာယ်ဘန်းပြပြိး နိုင်ငံရေး ၊ စီးပွားရေး အမြတ်ထုတ်ခြင်းနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ရံပုံငွေတွေ လိမ်လည်ရယူတိုက်ဖျက်နေမှုနဲ့  မူးယစ်ဆေးဝါးကို ပပျောက်သွားမှာစိုးရိမ်တာကြောင့် မတိုက်ဖျက်ပဲ နေကြတာလို့လည်း ထောက်ပြပြောဆိုထားပါတယ်။ 

မူးယစ်ဆေးဝါးအများစုက ရှမ်းပြည်ထဲက ထွက်ပြီးသူတို့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း ၊ သတင်းအချက်အလက်တွေကိုလည်း ရရှိထားပြီး လုပ်ပိုင်ခွင့်အာဏာရှိလာမယ်ဆိုရင် ခြောက်နှစ်ကနေ ၁၀ နှစ်အတွင်း ပပျောက်အောင်ဆောင်ရွက်မယ်ဆိုတာကိုလည်း ကြေညာထားတယ်လို့ ထပ်လောင်းဆိုပါတယ်။ 

ဒီနေ့ကျရောက်တဲ့ အခမ်းအနားနေ့မှာ RCSS/SSA က ယာဘဆေးပြား ၁၃ သန်းကျော် ဘိန်းဖြူ၊ ဘိန်းမဲ  ၄ ထောင်ကီလိုဂရမ် အပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂၁ ဦး ၊ သုံးစွဲသူ  သုံးရာကျော်နဲ့ မူးယစ်ဆေးဝါးတင်ဆောင်တဲ့ ကား (၇) စီးကို ဖမ်းဆီးထားတယ်လို့ထုတ်ပြန်ပါတယ်။ 

ဒေသတွင်းဖွံ့ဖြိုးမှုနောက်ကျခြင်းကြောင့် မူးယစ်ဆေးဝါး ပြဿနာရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးခြင်းကလည်း ဒီပြဿနာကို ပြေလည်နိုင်စေမယ်လို့ RCSS/SSA အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ 

UNODC  ရဲ့ စာရင်းပြုစုထားမှုတွေအရ  အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုတိုးလာသလို မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကလည်းများလာနေတယ်လို့ဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *