အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး အပြောင်းအလဲဖြစ် 

နိုဝင်ဘာ ၂၇ ၊ မုံရွာ 

မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် မျိုးမင်းထွေးရဲ့နေရာမှာ နောက်ထပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်မှူးချုပ်ကျော်သူရကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ 

ဗိုလ်ချုပ်မင်းထွေးဟာ အဂတိလိုက်စားမှုနဲ့ နမခ နယ်မြေတွေထဲက စစ်ဆင်ရေးတွေ မအောင်မြင်မှုကြောင့်  စစ်ဆေးခံနေရပြီးနောက် ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့တာပါ။ 

သူ့လက်ထက်မှာ စစ်ကိုင်းတိုင်းအတွင်းက ဗန်းမောက်မြို့ နဲ့ အင်းတော်မြို့တို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက ကျေးလက်ဒေသ နယ်မြေအများစုကို PDF တပ်ဖွဲ့တွေက  ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့ငါးမြို့ကိုလည်း သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ရွှေမျှောတူးဖော်မှု ၊ သစ်ထုတ်လုပ်မှု တွေနဲ့ စက်သုံးဆီကိစ္စရပ်တွေမှာလည်း အဂတိလိုက်စားမှုတွေရှိခဲ့တာကြောင့် ရာထူးကနေ ဖြုတ်ချခံခဲ့ရတာလို့ဆိုပါတယ်။ 

သူဟာ  တပ်မ ၁၁၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တွေမှာ  တပ်မမှူးအဖြစ်တာဝန်ယူခဲ့ပြီး  ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်စဉ်က လက်နက်ချအညံ့ခံခဲ့သူဖြစ်ပါတယ်။ 

အသစ်ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်ကျော်သူရ က DSA အပတ်စဉ် ၃၉ ကဖြစ်ပြီး စစ်ဦးစီးတက္ကသိုလ် (ကလော)က  ကျောင်းအုပ်ကြီးတာဝန်ခဲ့သူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *