အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက (၅) ဖွဲ့သာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းထားတဲ့ ဆွေးနွေးပွဲကို တက်မယ်လို့ PPST အထူးအစည်းအဝေးပြီးတဲ့နောက် ပြောဆိုလာခဲ့ပါတယ်။
တက်ရောက်မယ့်အဖွဲ့တွေက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ပါဝင်ပါတယ်။
PPST အဖွဲ့ဝင်တွေဖြစ်တဲ့ ABSDF နဲ့ လားဟူအဖွဲ့တွေက အဖွဲ့အစည်းအတွင်း အစည်းအဝေး ဆုံးဖြတ်ချက်မကျသေးတာကြောင့်လို့ PPST ဘက်က ပြောပါတယ်။
ကျောင်းသားတပ်မတော် ABSDF ကတော့ စစ်ကောင်စီခေါ်တဲ့ ငြိမ်းချမ်းရေးကို အားလုံးပါဝင်မှုမရှိတဲ့အတွက် မတက်နိုင်ကြောင်း ငြင်းဆိုထားပါတယ်။
ကရင်အမျိုးအသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦးတို့က အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲမဟုတ်တာကြောင့်လို့ဆိုပြီး တက်ဖို့ ငြင်းဆန်ထားကြပါတယ်။
အပစ်မရပ်သေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့်အဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေက တက်ရောက်မယ်လို့ မီဒီယာတွေမှာဖော်ပြနေပါတယ်။
ရှမ်းနှစ်ဖွဲ့ဖြစ်တဲ့ RCSS/SSA. နဲ့ SSPP/SSA တို့က ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေမတွေ့ရသေးပါဘူး။