အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးသဘောတူညီမှုအပါအဝင်  စာချွန်လွှာ ၁၀ ခုမြန်မာနှင့် ရုရှား လက်မှတ်ရေးထိုး 

မတ် ၅ ၊ မော်စကို 

ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးသဘောတူညီမှုအပါအဝင်  နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာကနေ ဖော်ပြလာပါတယ်။ 

မတ်လ ၄ ရက်နေ့မှာ  ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ဖိတ်ကြားချက်များအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံခေါင်းဆောင် ဗလာဒီမာပူတင်တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းဥပဒေများအပြင် စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့  အာကာသစူးစမ်းလေ့လာရေးအတွက် နားလည်မှုစာချွန်လွှာ ၁၀ ချက်ကိုပါ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ အသေးစားအနုမြူ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက်လည်း သဘောတူညီမှုပြုခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏ ၄၀ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကာ ရုရှားသမ္မတက မီဒီယာနှင့်တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။

ခရီးစဉ်ကို ရုရှားနိုင်ငံခေါင်းဆောင်များ၊ ဂုဏ်ပြုတပ်များဖြင့်ကြိုဆိုခဲ့ကြကြောင်း စစ်ကောင်စီဘက်က သတင်းဓာတ်ပုံတွေနှင့် တွေ့ဆုံဆွေးနွေးမှုတွေကို ထုတ်ပြန်လာခဲ့တာပါ။

ခရီးစဉ်မှာ စစ်ကောင်စီဥက္ကဌက ရုရှားသမ္မတကို “ဗျာဒိတ်တော်လာ-မဟာမိတ်” စာစဉ်ကိုရှင်းပြခဲ့ပြီး ဘာသာရေးဗျာဒိတ်များအရ မြန်မာနှင့်ရုရှားတို့ရဲ့ တိုက်ဆိုင်မှုရှိနေသည်များကို ရှင်းပြခဲ့သလိုဆယ်စုနှစ်တစ်ခုကြာအုပ်စိုးနေသည့် ရုရှားစစ်ဘုရင်များကို လက်နက်စကြာရှင်အဖြစ်  အမွှန်းတင်ချီးမြောက်ခဲ့ပါသေးတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံဟာ မြန်မာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  နိုင်ငံ့ကိုယ်စား အသိအမှတ်ပြုဖိတ်ခေါ်ခဲ့တဲ့  အာရှ-ဥရောပ ရဲ့ အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *