ဖေဖော်ဝါရီ ၂၁ ၊ ရန်ကုန်
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန် က မြန်မာနိုင်ငံကို လာမယ့်လထဲမှာ လာမှာဖြစ်ပြီးတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့တွေ့ဆုံဖို့အတွက် ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က ဒီလိုသက်ဆိုင်သူတွေအားလုံးဆိုတဲ့နေရာမှာလည်း CRPH နဲ့ NUG တို့ကို တွေ့ဆုံဖို့အတွက် စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြောဆိုခဲ့ပါတယ်။
အထူးကိုယ်စားလှယ်ကို CRPH ၊ NUG နဲ့ လက်အောက်ခံအဖွဲ့အစည်းအားလုံး တို့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတာကြောင့်မို့ တွေ့ဆုံဖို့ ခွင့်မပြုနိုင်ကြောင်း ပြောဆိုထားပါတယ်။
ဒီလိုတွေ့ဆုံဖို့ ဖေဖော်ဝါရီလ ၁၇ နဲ့ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောဆိုခဲ့တဲ့ အာဆီယံ နှစ်နိုင်ငံကိုလည်း စစ်ကောင်စီဘက်က အသိပေးထားပါတယ်။
အထူး ကိုယ်စားလှယ်ကို NUG CRPH အဖွဲ့တွေနဲ့ ထိတွေ့ဖို့ ကြံပြုခြင်းက အာဆီယံ ပဋိညာဉ်စာတမ်းပါ မူတွေကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ထိပါးစေတယ်လို့ စစ်ကောင်စီ ဘက်ကဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက်(၅) ချက်ထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ်လာရောက်ပြီးသက်ဆိုင်သူတွေအားဆုံးနဲ့ တွေ့ဆုံဖို့ဆိုတာ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် ဘရှူးနိုင်ငံက ခန့်အပ်ခဲ့တဲ့ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို လာရောက်ဖို့ ညှိနှိုင်းနေစဉ်အတွင်းမှာပဲ တစ်နှစ်တာ ကုန်ဆုံးခဲ့ပြီး လာရောက်ခွင့်မရခဲ့ပါဘူး ။