ဖေဖော်ဝါရီ ၁၅၊ မိုးညှင်း
တပ်မတော်က နိုင်ငံတော်အာဏာကို ရယူပြီး လဝက်အကြာတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်များက အရှိန်မြင့်ခဲ့ပြီဖြစ်သည်။
CDM လုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေး ၊ ကျန်းမာရေး ၊ မီးရထား ၊ လျှပ်စစ် ၊ စိုက်ပျိုးရေး ၊ အင်ဂျင်နီယာ စသည့် ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည်တို့ပါဝင်လာခဲ့သည်။
ယနေ့တွင် ပုဂ္ဂလိကဘဏ်များလည်း CDM တွင်ပါဝင်ကြပြီး ဘဏ်များပိတ်ထားဆဲဖြစ်ကာ တပ်က ထိုဘဏ်များ၌ လုံခြုံရေးစတင်နေရာယူထားသည်။