အာသံတွင် ရှမ်းရိုးရာပွဲတော်နှင့် နိုင်ငံတကာ ရှမ်းလူငယ်ပွဲတော်ပြုလုပ်မည် 

ဇန်နဝါရီ ၂၀ ၊ အာသံ 

အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသံပြည်နယ်တွင် ရှမ်းရိုးရာပွဲတော်နှင့် နိုင်ငံတကာ ရှမ်းလူငယ်ပွဲတော်ကို  လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ စတင်ကျင်းပမယ်လို့ သိရပါတယ်။ 

ရှမ်းမိသားစုများအချင်းချင်း နွေးထွေးစွာတွေ့ဆုံလိုမှုနဲ့  နိုင်ငံတကာ ရှမ်းလူငယ်တွေကြား ပိုမိုရင်းနှီးမှုတွေရှိလာဖို့  ရည်ရွယ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်တဲ့  UTESCO မှ ဆန်ဂျစ်ရာဂျကူးမား က ပြောပြပါတယ်။

နိုင်ငံတကာက ရှမ်းလူငယ်တွေ တွေ့ဆုံပြီး ရိုးရာဓလေ့ဆိုင်ရာ တင်ဆက်ပြသမှုတွေ လူငယ်အချင်းချင်း ရင်းနှီးမှု့တွေအတွက် ဒီပွဲကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်။

ပွဲတော်ကို  အာသံပြည်နယ် တင်ကဟတ် (Tengakhat ) မြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ရိုးရာယဥ်ကျေးမှု့နှင့် လူမှု့အဖွဲ့အစည်းဆိုင်ရာ ညီညွှတ်သောရှမ်းတိုင်းရင်းသားများ (UTESCO) အဖွဲ့က ရှမ်းရိုးရာပွဲတော်ကို တတိယအကြိမ်မြောက်ကျင်းပတာဖြစ်ပြီး နိုင်ငံတကာ ရှမ်းလူငယ်ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ 

ပွဲတော်မှာ အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေအပြင် မြန်မာ ၊ ထိုင်း ၊ ဗီယက်နမ် နှင့် လာအိုနိုင်ငံမှ ရှမ်းတိုင်းရင်းသားတို့ကိုလည်း ဖိတ်ကြားထားတာဖြစ်တယ်လို့  ပွဲကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *