အိန္ဒိယနယ်စပ်မှ ဟုမ္မလင်းသို့ ဝင်ရောက်လာမည့်လမ်းကြောင်းများတွင် ကျန်းမာရေးစိစစ်ရေးဂိတ်များ ဆက်လက်ထားရှိထားဟုဆို

ဟုမ္မလင်းမြို့ဝင်စိစစ်ရေးဂိတ်တစ်ခုကို မေလက တွေ့ရစဉ်

အိန္ဒိယနိုင်ငံနယ်စပ်မှ ဟုမ္မလင်းသို့ ဝင်ရောက်လာနိုင်မည့် လမ်းကြောင်းများတွင် ကျန်းမာရေးစိစစ်ရေးဂိတ်များ ဆက်လက်ထားရှိထားဟု ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်ကျော်က ရှမ်းနီအသံဂျာနယ်ကို ပြောကြားသည်။ 

ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း နှင့် အိန္ဒိယနိုင်ငံနယ်စပ်တို့ထိစပ်နေပြီး ကျွဲနွားမှောင်ခိုလမ်းကြောင်းများ ၊ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေးမှောင်ခိုလမ်းကြောင်းများစွာရှိသည်ဟု ဒေသခံ များကပြောဆိုကြသည်။ 

ဟုမ္မလင်းမြို့နယ် နောင်ခမ်းကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခုထားရှိ ထားကြောင်း ၎င်းကဆိုသည်။ 

နောင်ခမ်းကျေးရွာသည် နယ်စပ်တမူးမြို့နယ်မှ ကျွံဝင်လာသူများကို စိစစ်ရန်အတွက်ဖြစ်ကြောင်း ဦးခင်ကျော်ကဆိုသည်။ 

“ ချင်းတွင်းနောက်ဘက်ခြမ်းကိုပိတ်ထားစေချင် တယ်။ နောက်တစ်ခုက ထမံသီကို ဆင်းလာတဲ့ နေရာ ။ အဲ့လိုလမ်းကြောင်းတွေက အခုချိန်ထိအရေးကြီးတယ်။ ကျန်းမာရေးအသိနဲ့ အခုအချိန်ထိ ပိတ်ထားဖို့သင့်သေးတယ်။ စစ်ဆေးရေးဂိတ်တွေကိုပြောတာပေါ့နော်။ ထမံသီမှာတော့ တန်းဖြုတ်လိုက်ပြီ ။ အခုဟာက အားလုံးလိုလိုတန်းဖြုတ်လိုက်တဲ့သဘော ဟုမ္မလင်းပတ်ဝန်းကျင် မှာက မြို့ဝင်ဂိတ်တွေတောင်မရှိတော့ဘူး။ ချင်းတွင်းအနောက်ဘက်ခြမ်းကို စိုးရိမ်တယ် စိုးလည်းစိုးရိမ်သင့်ပါတယ်။” ဟု ဟုမ္မလင်းမြို့ရှိ Covid 19  ကာကွယ်ရေးလုပ်ငန်းအတွက် လုပ်ဆောင်နေသူ စိုင်းနိုင်နိုင်ကျော်က ဆိုသည်။ 

ထမံသီကျေးရွာရှိ ကျန်းမာရေးစစ်ဆေးဂိတ်သည် ဇွန်လ ၉ ရက်နေ့ကတည်းက ပိတ်သိမ်းသွားကြောင်း သိရသည်။ 

 မြန်မာနိုင်ငံနှင့် ထိစပ်မှုရှိနေသည့် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင် ယနေ့Covid-19 ကူးစက်သူ  ၆၈၁ ဦး နှင့် နာဂ Land တွင် ၁၉၈ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဟုမ္မလင်းမြို့နယ်ရှိ ကျန်းမာရေး စိစစ်ရေးဂိတ်များကို မေလကလည်းက ဖြုတ်သိမ်းထားပြီး   ယနေ့အချိန်တွင် ကချင်ပြည်နယ်နယ်စပ်ဖြစ်သည့် ရွှေပြည်မြင့်ကျေးရွာတွင်သာ စစ်ဆေးရေးဂိတ်တစ်ခုထားရှိထားသည်ဟု ဦးခင်ကျော်က ဆိုသည်။  

Leave a Reply

Your email address will not be published. Required fields are marked *