အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်းရှိ တိုင်းအာဟုမ် ( အာဟုမ်ရှမ်း) တိုင်းရင်းသူ အဆိုတော် ဆူဗန်ဂျာလီဂိုဂွယ်နှင့် တွေ့ဆုံခြင်း

၂၀၂၄ ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ကာဂိုပတ်တာမှာ ပြုလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားသွေးချင်းပွဲတော်မှာ ဖျော်ဖြေပေးခဲ့တဲ့ တိုင်းအာဟုမ် (အာဟုမ်ရှမ်း​) မျိုးနွယ်စုထဲက အဆိုတော် ဆူဗန်ဂျာလီဂိုဂွယ် နဲ့ ရှမ်းနီအသံတို့ တွေ့ဆုံမေးမြန်းထားမှု တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ ဆူဗန်ဂျာလီဂိုဂွယ် အနေနဲ့ သီချင်းတွေကိုဘယ်အချိန်ကလည်း စပြီးတော့ ဝါသနာပါလာခဲ့သလဲ။
ဖြေ။ ။ ကျောင်းမှာ သီချင်းသီဆိုရင်း ဝါသနာပါလာတာပါ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ Bhupen Hazarika (Former Member of the Assam Legislative Assembly) ရဲ့ Assamese (အာသံ) သီချင်းတွေ ကို ပြန်လည် Cover သီဆိုရင်း အာသံ ဒေသရဲ့ အားပေးမှု့ရရှိခဲ့ပါတယ်။

မေး။ ။ သီချင်းသီဆိုတဲ့အခါမှာ ဘယ်လိုပုံစံသီချင်းတွေ နဲ့ ဘယ်လိုအကြောင်းအရာ သီချင်းတွေကို သီဆိုဖြစ်လဲ။
ဖြေ။ ။ သီချင်းတွေထဲမှာ ဆိုရင်တောာ့ Folk Music တွေ ကို ပိုပီး သဘောကျတယ် ။ ကျွန်မကို ဆွဲဆောင်နိုင်တယ်။ တွယ်ငြိနိုင်တယ်လို့ ခံစားမိတယ် ။ ရိုးရာပိုင်းနဲ့ စိတ်အားတက်ကြွစေတဲ့ သီချင်းတွေ ။ လူငယ်တွေတွေ့ ကြုံခံစားရတာတွေကို ပိုပြီး ဖန်တီးဖို့ ခြေလှမ်းစနေတယ် ။ လူငယ်ဘဝအခက်အခဲနှင့် ရုန်းကန်မှု့တွေ ဘဝရဲ့ ပြဿနာတွေကြား ထပ်ပြီးရိုက်ခတ်တဲ့ အချစ်ရေးတွေ ပြီးတော့ လွမ်းတဲ့ အကြောင်းတွေပေါ့။

မေး။ ။ အိန္ဒိယထဲက ရှမ်းသီချင်းတွေကို တခြားသော မြန်မာ ၊ တရုတ် ၊​ထိုင်း စတဲ့ ဒေသမှာရှိတဲ့ ရှမ်းမျိုးနွယ်တွေ ပိုသိရှိလာအောင် နည်းလမ်းတွေရှိနိုင်မလား။ ဘယ်လို ယူဆမိလဲ ။
ဖြေ။ ။ နိုင်ငံတကာက ရှမ်းတွေဆီကို ကျွန်မတို့ တိုင်းပေါ့ တိုင်းအာဟူမ် သီချင်းတွေ ပြန့်နံ့ပြီး တိုင်းအချင်းချင်းကြား ယဥ်ကျေး မှု့ တွေတိုးတက်လာစေချင်တယ် အချင်းချင်း ကြားမှာ သီချင်းနှင့် ရင်းနှီးမှူ့ တည်ဆောက်မှု့လို့ ကျွန်မတော့ ဒီမေးခွန်းအပေါ် မြင်တယ် ။ အဲ့ဒါအတွက် ပြင်ဆင်ထားပါတယ် Tai Ahom ဘာသာစကားနဲ့ သီချင်း မကြာခင်ထွက်ဖို့ ရှိပါတယ်။
Assam(အာသံ) ဘာသာစကားနဲ့ သီချင်းတွေကတော့ တော်တော် များများ သီဆိုထားတယ် ။ တိုင်းအာဟုမ်သီချင်း ထွက်ပြီးရင်တော့ နိုင်ငံတကာက ရှမ်းတွေသိရှိအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ ။ ဒါကကျွန်မရဲ့ အိပ်မက်ပါ။

မေး။ ။ တခြားဖြည့်စွက်ပြောချင်စရာများရှိသေးလား။
ဖြေ။ ။ အခြားပြောစရာဆိုလို့ ကျွန်မ ရှမ်းတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူပါတယ်။
ကျွန်မဖော်ထုတ်နိုင်တဲ့ တကယ်လည်း ဝါသနာပါတဲ့ သီချင်းသီဆိုတာနှင့် ရှမ်းလူမျိုးတွေရဲ့ ယဥ်ကျေးမှု့ကို မြင့်တင်သွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *