အိန္ဒိယ နဲ့ မြန်မာစစ်တပ်တို့ကြား ရာနှင့်ချီတဲ့ တပ်သားတွေနဲ့ အပြန်အလှန် လည်ပတ်မှုတွေပြုလုပ်နေ

စက်တင်ဘာ ၁၉ ၊ အိန္ဒိယ

အိန္ဒိယနဲ့ မြန်မာစစ်တပ်တို့ဟာ ရာနဲ့ချီတဲ့ တပ်သားတွေနဲ့ အပြန်အလှန် လည်ပတ်မှုတွေ ကို အခုရက်ပိုင်းအတွင်းမှာ ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်တဲ့ ကြည်း၊ရေ၊လေ တပ်ဖွဲ့ ၁၂၀ ဟာ အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး လေ့လာရေးခရီးစဉ်အဖြစ်သွားရောက်တာလို့ အိန္ဒိယသတင်းက ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ ဂါယာရှိ အထင်ကရနေရာများ၊ လေ့ကျင့်ရေးကျောင်းများ၊ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ စက်တင်ဘာ ၁၉ ရက်နေ့အထိ သွားရောက်လေ့လာကြမှာဖြစ်တယ်လို့ဆိုပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့မှာလည်း အိန္ဒိယ စစ်တပ်က တပ်ဖွဲ့ဝင် ၁၂၀ ကို နေပြည်တော်ကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်တပ်ဖွဲ့ဝင်တွေရဲ့ ခရီးစဉ်ဟာ စက်တင်ဘာလ ၁၆ ရက်မှာ စတင်ပြီး ၁၉ ရက်မှာ ပြီးဆုံးမယ်လို့လည်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ အိန္ဒိယ သမ္မတမိုဒီနဲ့တွေ့ဆုံမှုတွေအပြီးမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ တိုးမြှင့်လာခဲ့တာလည်းဖြစ်ပါတယ်။

အိန္ဒိယက မြန်မာ့နိုင်ငံအတွင်းက မြေရှားသတ္ထုတွေကို လိုချင်ကြောင်းထုတ်ဖော်ပြောဆိုမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို မြှင့်တင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှားပါးမြေအတွက်ပေါ့လေ”​ လို့ ပိုနီးကပ်လာတဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို နယ်စပ်ဒေသ အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ အိန္ဒိယအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မှူးတို့ကြားတွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။

အထူးသဖြင့် ခေတ်မီနည်းပညာ နယ်ပယ်မှာ တပ်မတော်နှစ်ရပ်ကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အစီအမံတွေကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံစလုံးရဲ့ လုံခြုံရေးကို အာမခံဖို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်” ပြောဆိုပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *