အိန္ဒိယ မဏိပူရပြည်နယ် အစိုးရကမြန်မာစစ်ဘေးရှောင်စခန်းတည်ဆောက်ပေးမည်

မဏိပူရပြည်နယ်အစိုးရနှင့် မြန်မာစစ်ဘေးရှောင်များ တွေ့ဆုံနေကြစဉ် Photo Credit/ India for Myanmar

 မတ်၃၀၊တမူး 

အိန္ဒိယ-မြန်မာနယ်စပ် မဏိိပူရပြည်နယ်အစိုးရက  မြန်မာစစ်ဘေးရှောင်များကို   နိုင်ငံရေးအခြေအနေကောင်းလာရင် နေရပ်ပြန်ရမယ့် သတ်မှတ်ချက်အပါအဝင် ကန့်သတ်ချက်တချို့နဲ့ စစ်ဘေးရှောင်စခန်းတည်ဆောက်ပေးသွားမယ်လို့ India For Myanmar အဖွဲ့က ပြောဆိုထားပါတယ်။ 

စစ်ဘေးရှောင်စခန်းတည်ဆောက်ဖို့အတွက် မတ်လ ၂၆ ရက်နေ့က  မဏိပူရ်ပြည်နယ်မှ ဝန်ကြီးတချို့ နှင့် မြန်မာစစ်ဘေးရှောင်များတွေ့ဆုံခဲ့ပြီး တည်ဆောက်ပေးဖို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ဘေးရှောင်စခန်းကို မြန်မာ-အိန္ဒိယ နယ်စပ်တစ်နေမှာတည်ဆောက်မှာဖြစ်ပြီး  နေထိုင်ခွင့်ယာယီကဒ်များလည်းထုတ်ပေးသွားမှာလို့ဆိုပါတယ်။ 

ဒီကဒ်ပြားနဲ့  မဏိပူရပြည်နယ်အတွင်းမှာလည်း သွားလာခွင့်ရှိပေမယ့်လည်း  အိမ်ငှားနေထိုင်ခွင့်မရှိသလို တွေ့ရှိရင် ဖမ်းဆီးအရေးယူခံရမယ်လို့ဆိုပါတယ်။ 

မြန်မာနိုင်ငံနယ်စပ် မဏိပူရပြည်နယ်   မိုးရေမြို့နယ်အတွင်းမှာ နိုင်ငံခြားသားဥပဒေနဲ့ ဖမ်းဆီးခံရသူတွေကိုလည်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်ဖို့ ပြန်လွတ်ပေးမယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရေလ်မြို့နဲ့ ကပ်ရပ် တမူးမြို့နယ် ကွန်းတောင်းကျေးရွာအနီးမှာ  တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁) နဲ့ စစ်ကောင်စီတပ်တို့ကြား  ပြီးခဲ့တဲ့ရက်ပိုင်းက ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

India for myanmar က  မဏိပူရ်အစိုးရမှ မြန်မာစစ်​ဘေးရှောင်များအ​ပေါ် အပြုသ​ဘော​ဆောင်တဲ့ ပြုပြင်​ပြောင်းလဲမှုများ ​ဖော်​ဆောင်​ပေးမှုအ​ပေါ် ဝမ်းသာစွာကြိုဆိုပြီး လုပ်ငန်းအ​ကောင်အထည်​ဖော်​ဆောင်​မှုများ၊ လူသားချင်းစာနာ​ထောက်ထား​မှုအ​ခြေအ​နေများနှင့်  လူ့အခွင့်အ​ရေးကန့်သတ်ချက်များ အ​သေးစိတ်ကို ​စောင့်ကြည့်​လေ့လာမှုများပြုလုပ်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *