ဧရာဝတီမြစ်ရေ လွှမ်းမိုးမှုကြောင့် ဆင်ဘိုဒေသတစ်ဝိုက်က လယ်ဧကပေါင်း တစ်ရာကျော်ပျက်စီးခဲ့

ဇူလိုင် ၁၇ ၊ဆင်ဘို

ဧရာဝတီမြစ်ရေ လွှမ်းမိုးမှုကြောင့်  မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့က လယ်ဧကပေါင်း တစ်ရာကျော်ခန့် ပျက်စီးခဲ့တယ်လို့ ဆင်ဘိုဒေသခံတစ်ဦးထံမှ သိရှိရပါတယ်။

ဆင်ဘိုမြို့နဲ့ ငါးမိုင်ဝေးတဲ့ တောပင်လုံကွင်း၊ မန်ဟုန်ကွင်း စသည့်နေရာက စိုက်ပျိုးပြီးထားတဲ့ လယ်ယာမြေတွေက ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှံးမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ဆင်ဘိုရဲ့တောင်ဘက် တောပင်လုံရွာပေါ့၊ တောပင်လုံကွင်းရယ် နောက်ပြီးတော့ မန်ဟုန်ကွင်းပေါ့နော အဲ့ဒီနှစ်ကွင်းပေါ့။ ဆင်ဘိုနဲ့ ၅ မိုင်းလောက်ဝေးတာ။ တောပင်လုံကွင်း အဲ့ဒါတော့ အဓိကပေါ့။ အားလုံဆိုရင်တော့  ဧက (၁၀၀) ရဲ့အထက်လောက်မှာ ရှိမယ်လို့တော့ ကျွန်တော်ကတော့ ခန့်မန်းကြည့်တာပါနော။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဧရာဝတီမြစ်ရေ လျော့ကျသွားပြီဖြစ်တဲ့အတွက်ကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေ၊ စိုက်ခင်းတွေမှာ အသစ်ပြန်လည်စိုက်ပျိုးမှုတွေကို ပြန်လည်လုပ်ဆောင်နေကြပြီလို့လည်း သိရှိရပါတယ်။ 

“အခုတော့ အသစ် ပြန်စိုက်နေကြတာပေါ့နော်။ တချိုကလည်း ပထမတော့ ပျိုးထောင်ပြီးစိုက်တာပေါ့။ အခုနောက်ပိုင်းဆိုတော့ အဲ့ဒီ မမီနိုင်တဲ့ဟာတွေကြတော့  အစေ့ဘဲ ချလိုက်တော့တာပါ့နော။ လက်နဲ့ဘဲ ကျနော်တို့ ဒီတောင်ယာဆူးထိုး ထိုးသလိုမျိုးပေါ့နော။ ငါး စေ့၊ လေး စေ့ အဲဒါမျိုးပေါ့ ကောက်စိုက်တာထက်တော့ မြန်တယ်လေ။” သူက ဆက်ပြောပါတယ်။ 

 လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာမှာ အချိန်မမီတော့တဲ့အတွက် တောင်ယာစပါး စိုက်ပျိုးတဲ့နည်းတွေကို သုံးနေကြရတယ်လို့လည်း သိရှိရပါတယ်။

ဧရာဝတီမြစ်ရေကြီးမှုကြောင့်  ဆင်ဘိုမြို့အတွင်းက တောပင်လုံကွင်း၊ မန်ဟုန်ကွင်း၊ မံခွင်ကွင်း၊ သုံးမိုင်ကွင်း၊ ရေနားပင်လုံကွင်းနှင့် မံလူကွင်းမှာရှိတဲ့ လယ်ယာမြေတွေက ပျက်စီးဆုံးရှုံးခဲ့ရပြီး တောပင်လုံကွင်းက ပျက်စီးမှု ပိုမိုများပြားတယ်လို့လည်း သိရှိရပါတယ်။

ဧရာဝတီမြစ်ရေ လွှမ်းမိုးမှုကြောင့် ဆင်ဘိုမြို့မှာ နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့တယ်လို့လည်း သိရှိရပါတယ်။

ဆင်ဘိုမြို့ရဲ့ အောက်ဘက်မှာရှိတဲ့ ဗန်းမော်မြို့နယ် နဲ့  မိုးမောက်မြို့နယ်အတွင်းမှာ  စိုက်ထားပြီးဖြစ်တဲ့ စပါးဧက (၈)ရာနီးပါးဟာ ဧရာဝတီမြစ်ရေကြီးရေလျှံမှုတွေကြောင့် ရေနစ်မြှုပ်ဆုံးရှုံးနေပြီဖြစ်တယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *