၁၉၄၇ပင်လုံစာချုပ်အကောင်အထည်ဖော်နိုင်မှနိုင်ငံရေးပြဿနာဖြေရှင်းနိုင်မယ်လို့အာဆီယံကို  RCSS/SSA ပြော 

၁၉၄၇  ပင်လုံစာချုပ် အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အာဆီယံကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ပြောဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းရာမှာ အာဆီယံအနေနဲ့  ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ အချက်တွေကို RCSS/SSA က နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောဆိုထားတာလည်းဖြစ်ပါတယ်။

၁၉၄၇ ပင်လုံ စာချုပ်ကို အကောင်အထည်ဖော်နိုင်မှာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲပြဿနာကို ဦးတည်ဖြေရှင်းခြင်းကလည်း အရင်းခံနိုင်ငံရေးပြဿနာကို ဖြေရှင်းခြင်းမဟုတ်ဘူးလို့ဆိုပါတယ်။ 

အာဆီယံအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များနဲ့ Stateholder များအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနည်းလမ်းရှာနိုင်မှ လက်ရှိနိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းနိုင်မယ်လို့ဆိုထားပါတယ်။ 

နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို ကြိုဆိုတယ်လို့ဆိုထားပါတယ်။ 

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် NCA စာချုပ်ချုပ်ဆိုထားစဉ်က အသိသက်သေနိုင်ငံများ၊ အဖွဲ့အစည်းများလည်း ပါဝင်ပံ့ပိုးပေးဖို့လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ PPST ကလည်း အာဆီယံအလှည့်ကျဥက္ကဌအသစ်အနေနဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *