(၂) ခြောက်လုံးနေ့မှာ  SSPP/SSA ဦးဆောင်တဲ့တပ်ပေါင်းစုကိုရှမ်းသံဃာတော်များနှင့်လူငယ်များဆန္ဒပြ

ဖေဖော်ဝါရီ ၂၃ ၊ တောင်ကြီး

(၂) ခြောက်လုံးနေ့မှာ SSPP/SSA ဦးဆောင်တဲ့ တပ်ပေါင်းစုကို ရှမ်းသံဃာတော်များနှင့် လူငယ်များက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါတယ်။ 

(၂) ခြောက်လုံးနေ့မှာ ရှမ်းတိုင်းရင်းသားတွေက စစ်အာဏာရှင် ကျရှုံးရေး ၊​ တိုက်ပွဲတွေ ရပ်တန့်ရေး အပြင် ရှမ်းပြည်တောင်ပိုင်းထိ တိုက်ပွဲဖော်ဆောင်လာတဲ့ SSPP/SSA ဦးဆောင်တဲ့ တပ်ပေါင်းစုကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

“  တိုက်ပွဲတွေကို ရပ်စေချင်တယ်။  အခုက အစစအရာရာ ဒုက္ခရောက်နေတယ်။ လူတွေလည်း ဒုက္ခရောက်နေရသလို ရဟန်းသံဃာတွေလည်း ဒုက္ခရောက်နေကြတယ်။ အိမ်ရှိလည်း အိမ်မှာမနေရ ၊ သံဃာတွေအတွက် ကျောင်းသင်္ခန်းတွေရှိလည်း မနေမထိုင်ရ။ ဒီလိုကမ်ပိန်းတွေလှုပ်ရှားမှုတွေက ရှမ်းပြည်ထဲက တိုက်ပွဲတွေရပ်တန့်ပြီးတော့  တိုက်ပွဲရှောင်နေရတဲ့ဘဝတွေေလွတ်ဖို့ အရပ်သားတွေ ၊ ရဟန်းတွေ အေးအေးချမ်းချမ်းနဲ့ နေနိုင်ဖို့အတွက် လုပ်ကြတာပါ။” လို့ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့တဲ့ ရှမ်းသံဃာတော်တစ်ပါးက မိန့်ကြားပါတယ်။​

ဆန္ဒထုတ်ဖော်မှုကို  ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ရှမ်းပြည်အလံ တစ်ဝက်လွင့်တာတွေ  ၊ စစ်အာဏာရှင် ကျဆုံးရေး၊ တိုက်ပွဲရပ်တန့်ရေး ၊ SSPP/SSA နဲ့ တပ်ပေါင်းစုကို ကန့်ကွက်ကြောင်း ရေးသားထားတဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

သံဃာတော်တွေက ဘေးအန္တရာယ်ကင်းနဲ့ မကောင်းဆိုးဝါးတွေထွက်ဖို့အတွက်  ကမ္မဝါညပ်ခြင်း ၊​ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းအပြင် ရှမ်းပြည်တိုက်ပွဲအတွင်း ကျဆုံးသွားကြသူတွေနဲ့ တပ်ဖွဲ့အသီးသီးက ရဲဘော်တွေကို အမျှပေးဝေမှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *