
မေ ၃ ၊ ချင်းမိုင်
၂၀၂၁ ခုနှစ်ကနေ အခုအချိန်အထိ မြန်မာသတင်းသမား များသည် စစ်ကောင်စီကြောင့် သေဆုံးသူ ၇ ဦးရှိပြီး ၄၀ ဦးကို ဖမ်ဆီးထားဆဲဖြစ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီက ထုတ်ပြန်ပါတယ်။
ဒီနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ ၇ ဦးအထဲမှာ အယ်ဒီတာချုပ် ၊ ရုပ်သံနှင် ဓာတ်ပုံ သတင်းထောက်များနှင့် အလွတ်တန်းသတင်းထောက်များပါဝင်လာဖြစ်ပြီး လက်နက်ကြီးကြောင့် သေဆုံးမှုတွေနဲ့ သတ်ဖြတ်ခံရမှုတွေပါဝင်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာလည်း အမြင့်ဆုံး ထောင်ဒဏ် တစ်သက်ချမှတ်ခံထားရသူ နှစ်ဦးရှိပြီး ထောင်ဒဏ် နှစ် ၂၀ အထိချမှတ်ခံထားရသူ နှစ်ဦးပါဝင်တယ်လို့သိရပါတယ်။
မြန်မာ့မီဒီယာလွင့်လပ်ခွင့်ဟာလည်း ကမ္ဘာ့အဆင့်သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းအဆင့် ၁၆၉ မှာရှိနေတယ်လို့နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဒီနေ့မှာထုတ်ပြန်ထားပါတယ်။