စစ်ဘေးရှောင်များကို လှူဒါန်းမည့်ပစ္စည်းများကို လက်လီရောင်း ချသူများထံမှ၀◌ယ်ယူကာ အခြေခံလူတန်းစားများ အဆင်ပြေရေး ဦးစားပေး၀ယ်ယူသင့်ဟုဆို

photo by Dee

ကချင်ပြည်နယ် ဗန်းမော်မြို့အပါအ၀င် စစ်ဘေးကြောင့် နေရပ်စွန့်ခွာလာခဲ့သော ရှမ်းစစ်ဘေးရှောင်များအတွက် လိုအပ်သည့်ပစ္စည်းများ ၀ယ်ယူရာတွင် အခြေခံလက်လီရောင်းချသူများထံမှ ဦးစားပေး၀ယ်ယူသင့်ကြောင်း အဆိုပါစစ်ဘေးရှောင် များကိုကူညီလှူဒါန်းနေသူတစ်ဦးကဆိုသည်။

“ကျွန်တော်တို့က ဒေသခံတွေပြောပြောနေကြဖြစ်တဲ့ ဈေးသက်သာပြီး တစ်နေရာတည်းအများကြီးရတဲ့ လက်ကားဖြန့်တဲ့ဆိုင်မှာ လုံးဝ (လုံးဝ) မဝယ်ဘူး။ နိုင်ငံရေးကောင်းတဲ့အချိန်ဆိုရင် အထက်ကပြောတဲ့အတိုင်း ဝယ်ကောင်းဝယ်နိုင်ပါတယ်။ ဒါမဲ့အခုက နိုင်ငံရေးလုံးဝမကောင်းတဲ့ခါ၊ ဆိုင်ကြီးတွေမှာဘဲဝယ်ရင် ဆိုင်ကြီးဘဲရောင်းရပြီး ဆိုင်ကြီးကဘဲ ငွေတွေရမှာပေါ့။ အခြေခံလူတန်းစား တစ်နေ့လုပ်တစ်နေ့စား တစ်နိုင်ဖွင့်ထားတဲ့ဆိုင်တွေက ဝင်ငွေဘယ်ရတော့မလဲ။ အဲ့ကြောင့် လှူဖို့ပစ္စည်းတွေဝယ်တဲ့အခါဆို အတက်နိုင်ဆုံး ဒေသခံတွေရောင်းတဲ့ဆီကနေ ဝယ်ပေးတယ် ဆိုင်ကြီးတွေနဲ့ ၅၀-၁၀၀ ကျပ်ကွာလည်း အခုစီးပွားရေးမကောင်းချိန် သူတို့တွေလည်း ဝင်ငွေတစ်ခုပြေလည်သွားတာပေါ့။ အဲ့ကြောင့် ဆိုင်တစ်ခုမှဘဲ စွဲပြီးမဝယ်စေချင်ဘူး ၂-၃ ဆိုင် ဈေးမေးလို့တူခဲ့ရင်တော့ ခွဲဝယ်ပေးလိုက်တယ်။ ဆိုင်ကြီးတွေမှာ ဈေးသက်သာနိုင်ပေမဲ့ ဒေသခံကဆိုင်တွေအားလုံးညီတူညီမျှရစေလိုက်ရင် မကောင်းဘူးလား ဒီတစ်ခါ ဆန်ဆိုလည်း ကျွန်တော် ဒေသခံတွေရောင်းတဲ့နေရာမှာဘဲ ဝယ်ပေးလိုက်ပါတယ်။ ဆီဆိုရင်လည်း အဆင်ပြေအောင်ဆိုပြီးတော့ ဗန်းမော်မှာဘဲ ဝယ်ပေးလိုက်တယ်။ ကြက်သွန်၊ ဆားတွေအားလုံးလည်း ဒေသခံတွေဆီမှာဘဲ ဝယ်ပြီး လှူပေးထားတာပါ” ဟု ၄◌င်းကပြောသည်။

photo by Dee

ဗန်းမော် မိုးမောက် အနီးတဝိုက်ရွာများကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ခြင်းများကြောင့် မန်နောင်ရွာနှင့် အနီးတဝိုက်ရွာရှိ ဘုန်းကြီးကျောင်းနဲ့စာသင်ကျာင်း စုစုပေါင်း ရှစ်နေရာကို စစ်ရှောင်များ ရောက်ရှိနေကြခင်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကိုးဆယ့်ကိုရာခိုင်နှုန်းမှာ ရှမ်းလူမျိုးများဖြစ်သည်။

“အဓိက ကတော့ Emergency ဖြစ်တဲ့နေရာကိုဘဲလှူပါတယ်။ အရင်နေတဲ့နေရာမဟုတ်ဘဲ လက်တလော စစ်ရှောင်လာတဲ့နေရာတိုင်းကို လှူပါတယ်။ ဘွမ်ရာရန် မိုးမောက် ဗန်းမော် မန်နောင် ဘက်စတာတွေကိုပေါ့” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးကပြောသည်။

လက်ရှိတွင် ပြည်တွင်း/ပြည်ပမှ အလှူရှင်များနှင့် တစ်ပိုင်တစ်နိုင် ပရဟိတလုပ်သူများ ပရဟိတအဖွဲ့များ လှူဒါန်းမှုများပြုလုပ်နေပြီး မိုးတွင်ကာလ ရောက်ရှိနေပြီဖြစ်သောကြောင့် ဆီ၊ ကြက်သွန်၊ ငရုပ်၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ အမိုးအကာ၊ အဝတ်အစားနှင့် ကျန်းမာရေးအတွက် ကုသပေးနိုင်မည့် volunteer ဆရာ၊ ဆရာမများ လိုအပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *