ထိုင်းက တိုက်လေယာဉ်နှစ်စင်းဖြင့် ကမ္ဘောဒီးယား၏ တပ်မဌာနချုပ်တွေကို တိုက်ခိုက် 

ဇူလိုင် ၂၄ ၊ ဘန်ကောက် 

ထိုင်း- ကမ္ဘောဒီးယားနယ်စပ် တာမွမ်သုမ် ဘုရားကျောင်းအနီးမှာ ဒီနေ့ မနက်ပိုင်းကစလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်သားတွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ 

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ ထိုင်းစစ်သားတွေ အရင်ပစ်ခတ်တာကြောင့် ကိုယ့်ကိုခုခံကာကွယ်ပိုင်ခွင့်အရ ပြန်လည် ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ 

ဒီမနက်ပိုင်းမှာဘဲ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနယ်နိတ်အတွင်း လေကြောင်းမှ တိုက်ခိုက်မှုကြောင့်  စစ်ဘက်ပစ်မှတ် နှစ်ခုထိမှန်ခဲ့ပြီး နယ်နိမိတ် ပဋိပက္ခများ ပိုမိုပြင်းထန်လာတာလည်းဖြစ်ပါတယ်။ 

ကြာသပတေးနေ့ နံနက်ပိုင်းမှာ အူဘွန် ရတ်ချာသာနီ ( Ubon Ratchathani) ပြည်နယ်   F-16 တိုက်လေယာဉ် ၆ စီးဖြန့်ကျက်ထားပြီး မြေပြင်က ကမ္ဘောဒီးယားစစ်ဘက်ဆိုင်ရာ ပစ်တ်မှတ်နှစ်ခုကို ထိမှန်ခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီး ရစ်ချက်် စူဆူဝမ်နွမ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းစစ်တပ်အခြေစိုက်စခန်းတစ်ခုအား ကမ္ဘောဒီးယားစစ်သားများက ပစ်ခတ်ပြီးနောက် ကမ္ဘောဒီးယားက BM-12  ဒုံးကျည်များဖြင့်ပစ်ခတ်ပြီး  နာရီအနည်းငယ်အကြာတွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်မှ သိရသည်။

အခုလို တိုက်ခိုက်မှုတွေမတိုင်မှီက နယ်စပ်မျဉ်းအနီးမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားငါးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးခြေထောက်ဆုံးရှုံးခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီမိုင်းတွေဟာ ကမ္ဘောဒီးယားက မကြာသေးမီက ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဩဂုတ်လတွင် ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနိုင်ငံရှိ Preah Vihear နှင့် Ta Krabei ဘုရားကျောင်းများကို ထိုင်းစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ 

ထိုင်းရဲ့ လက်နက်ကြီးတွေနဲ့ ကမ္ဘောဒီးယားနယ်မြေကို ကျူးကျော်ဖို့ တပ်ဖွဲ့ဝင်တွေ အမြောက်အမြား ချထားတာဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာ ဥပဒေရဲ့ အခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်။ တာဝန်မဲ့ပြီး တရားမဝင်တဲ့ လုပ်ရပ်တွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုသာမက နိုင်ငံတကာ စည်းမျဥ်းအုတ်မြစ်ကိုပါ ဆိုးရွားစွာ ခြိမ်းခြောက်နေပါတယ်” လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *