ဗန်းမော်မြို့တွင် ရှမ်းမျိုးနွယ်စုများ၏ စုပေါင်း ကောက်သစ်ဆွမ်းကပ်လှူပွဲ ပြုလုပ်

ဇန်နဝါရီ ၂၅၊ ဗန်းမော်

ဗန်းမော်မြို့နယ်တွင်းက ရှမ်းမျိုးနွယ်စုများအားလုံးက ဒီနေ့ ပြာသိုလပြည့်နေ့မှာ (၄၇) ကြိမ်မြောက် ကောက်သစ်ဆွမ်းကပ်လှူပူဇော်ပွဲ ပြုလုပ်ခဲ့ကြတယ် လို့ သိရပါတယ်။

ယခင်က ဗန်းမော်မြို့ရဲ့ ရှမ်းမျိုးနွယ်စုများ ကောက်ဦးဆွမ်းကပ်လူပူဇော်ပွဲမှာ ဒေသရှမ်းမျိုးနွယ်စုများ အကပြိုင်ပွဲများ၊ ပဌာန်းရွတ်ပြိုင်ပွဲများ နှင့် ရိုးရာအလှယဉ်ကျေးမှု ပြသမှုတွေအပြင် လူငယ်များတွက် အားကစားပြိုင်ပွဲတွေလဲ ပါဝင် ပြုလုပ်လေ့ရှိခဲ့ကြတာလဲ ဖြစ်ပါတယ်။

ယခု ရှမ်းနှစ် ၂၁၁၈ ခုနှစ်တွက် ကောက်ဦးဆွမ်းကပ်လှူပွဲမှာတော့ ဆရာတော်သံဃာအပါး ၂၀၀ ကျော်နှင့် မယ်သီလရှင် အပါး ၃၀၀ ဝန်းကျင် ပင့်ဖိတ်ကပ်လှူသွားမယ်လို့ ဗန်းမော်မြို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ ကျနော်တို့ ဗန်းမော်က ၄၇ ကြိမ်မြောက်ရှိပီလေ လုပ်တာ ဒါက ကျနော်တို့ ရှမ်းတွေ ကောက်သစ်စားတဲ့အဓိပ္ပါယ်ပါပဲ လုပ်တာက။ ဘုရားမှာအာရုဏ်ဆွမ်းကပ်တယ် ၊ဘုန်းကြီးတွေကိုတော့ အာရုဏ်ဆွမ်း ၊နေ့ဆွမ်းကပ်တယ်၊ အဲ့ဒါ အဓိပ္ပါယ်က ရှမ်းတွေ ဘုရားမှာ လူစုတာပါပဲ ကောက်သစ်စားကြတာပါဘဲ” လို့ ဗန်းမော်မြို့ရှမ်းရပ်မိရပ်ဖ တစ်ဦးက ပြောပြပါတယ်။

ကောက်ဦးဆွမ်းကပ်လှူတဲ့အခမ်းနားကို ဗန်းမော်မြို့ ရွှေကျီးနား ၊အိုက်ခေါတော(ဢႆၫႍၷေႃးတွပ်)စေတီ ဘုရားဝင်းမှာ ပြုလုပ်တာလို့လဲ သိရပါတယ်။

“ အိုက်ခေါ်တော်စေတီမှာလေ ရွှေကျီးနားအိုက်ခေါတော်စေတီမှာဟုတ်တယ် ဒီနေ့ လပြည့်နေ့ ဒီနေ့ ကပ်လူကြတာ ရှမ်းမျိုးနွယ်စုအားလုံးပါ့ ” လို့ ဗန်းမော် တိုင်းလိုင်/ရှမ်းနီလူငယ်တစ်ဦးက ပြောပြပါတယ်။

ကောက်သစ်ဆွမ်း ကောက်ဦးဆွမ်းကပ်လှူပွဲကို ရှမ်းမျိုးနွယ်စုများဖြစ်တဲ့ တိုင်းမောဝ်/မောရှမ်း ၊ တိုင်းလေ/အထက်ရှမ်း၊ တိုင်းလုံ/ရှမ်းကြီး၊ တိုင်းခမ်းတီး/ခန္တီးရှမ်းနှင့် ဒေသခံ တိုင်းလိုင်/ရှမ်းနီမျိုးနွယ်များ အများစုက ဒေသတွင်းဆရာတော်သံဃာတော်များပင့်ဖိတ်ပြီး စုပေါင်းကပ်လူကြတာလဲဖြစ်ပါတယ်။

ယခုနှစ် ၄၇ ကြိမ်မြောက် ရှမ်းမျိုးနွယ်စုများ ကောက်ဦးဆွမ်ကပ်လူပွဲကို ကချင်ပြည်နယ်တွင်း ရှမ်းဒေသများက နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာနှင့် လုံခြုံရေး ၊ လမ်းကြောပိတ်ဆို့ထားမှုတွေကြောင့် ရိုးရာစဉ်လာမပျက်၊ အကျဉ်းချုံးသာ ကျင်းပခဲ့ကြတာလဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *