ဗန်းမော်မြို့မှ ရွေ့ပြောင်းမှုတွေပိုများလာနေ 

မတ် ၁၉ ၊ ဗန်းမော်

ဗန်းမော်ခရိုင်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဗန်းမော်မြို့ကနေ တခြားဒေသတွေဆီကို ပြောင်းရွေ့မှုများလာနေတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။ 

“ဗန်းမော်ကတော့ ကားသမားတွေက ထွက်နေကြတာပဲ တစ်စီးကနေ နှစ်စီး ထွက်နေကြတာပဲ ၊ မနေ့ကလဲ လေယာဉ် ၅ စီးတောင်ထွက်ရတယ်” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပြပါတယ်။ 

မတ်လ ၁၅ ရက်နေ့ နောက်ပိုင်း လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီးနောက် ခရီးသွားများ မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ 

အများစုက မန္တလေး၊ရန်ကုန် စတဲ့မြို့ကြီးတွေကို   ဒေသတွင်း တိုက်ပွဲအခြေနေများကြောင့် တိမ်းရှာင်မှုများနှင့် သင်္ကြန်ကာလ အလည်အပတ်သွားရောက်မှုတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ 

“ ပြောင်းတာ ပြောင်းတာ ခဏရွေ့ကြတာပေါ့  မန္တလေးပြန်တာပေါ့ဗျာ သင်္ကြန်ပြန်တာပေါ့၊ ဒီက သတင်းမကောင်းတာနဲ့ပြန်ကြတာပေါ့၊ ကားတွေက ဆယ်ဂိတ်လောက်ရှိတာ တစ်ဂိတ်ကို နှစ်စီးလောက်ထွက်တယ်” လို့  ဗန်းမော်ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ 

ဗန်းမော်ခရိုင်အတွင်းက မြစ်ကြီးနား-ဗန်းမော်ကားလမ်းပိုင်းရှိ မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်တို့ကြား နှစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *