မိုးညှင်းမြို့ရှိ ရှမ်းနီ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များတွေ့ဆုံဆွေးနွေး

ဖေဖော်ဝါရီ ၁၄ ၊ မိုးညှင်း

မိုးညှင်းမြို့ရှိ ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့ ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၊ တိုင်းခမ်းတီး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မိုးညှင်း ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး အတူယှဉ်တွဲနေထိုင်ရေး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“ အပြုသဘောလေးပါ သူတို့(ကချင်)လည်း စိုးရိမ်တဲ့အခါကျတော့ ဖေ့ဘုတ်ကဟာတွေကို မယုံကြဖို့ စုစုစည်းစည်း ညီညီညာညာသွားကြဖို့ ၊​အဲ့လိုပါပဲ ၊မနေ့ကလည်း ပြန်တွေ့ကြတယ်။ ယဉ်ကျေးမှုအဖွဲ့တွေသုံးလေးဖွဲ့ စုံပြီးတော့” လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဇန်နဝါရီလအတွင်းမှာ ဖေ့ဘုတ်အွန်လိုင်းစာမျက်နှာကနေ လူမျိုးရေးဆိုင်ရာ မုန်းပွားစေနိုင်သည့် ရေးသားဖြန့်ဝေမှုများစွာရှိလာပြီးတဲ့နောက် တွေ့ဆုံမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ရှမ်းနီစာပေ သင်ကြားရေးဆရာမ နှစ်ဦးအပါအဝင် အရပ်သားများကို KIA က စစ်သားစုဆောင်းမှုများပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီပြည်သူ့စစ်အဖွဲ့ကလည်း နန့်မွန်းမြို့မှာလည်း ပစ်ခတ်မှုများ ၊ ဖမ်းဆီးမှုများဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *