ရှမ်းနီဒေသက ရွာဓလေ့ရိုးရာ နတ်ကြီးတက်

ငယ်ငယ်ကဆို လွယ်အိတ်တစ်လုံး ချိုင့်ဆွဲပြီး အပြေးအလွှာ သွားကြတယ် အိမ်ကလူကြီးတွေက အရှင်းကြီးကို ပူဇော်ဖို့ မိုးဒါးရွက်အိမ်မှာရှိတဲ့လူအရေအတွက်နဲ့ထည့်ပေး ကြက်ဖိုကြက်မ ကြက်ဥ ဖယောင်းထုပ် အမွှေးတိုင် ဆင်စာ မြင်းစာ အိမ်မှာထွက်တဲ့ ဟင်းသီးဟင်းရွက်အသီးနှံ ယူပြီး သွားပူဇော်ကြတယ်။ 

 ကျနော်ငယ်ငယ်ကဆို ကျေးရွာနန်ကြီစဥ်က ရွာအပြင်မှာပေါ့ အကိုတွေနဲ့အတူ နတ်ကြီးစဥ် ခြံဘေးပတ်ပတ်လယ်မှာသူနေရာကိုယ့်နေရာယူကြတယ် မဟူရာပိန်ပိတ်တွေခင်းပြီပေါ့ ရွာကအမျိုးသမီးတွေက နတ်တင်ဖို့ ပေါက်ပေါက် မုန့်ဖြူ မုန့်နီတွေကို ချက်ပြုပ်ကြတယ် အစကတော့အိမ်မှာတွေ လုပ်ပြီးပို့တယ် ခုတော့ အပြင်မှာ ဇရပ်ဆောက်ထားတော့ အဲ့မှာပဲချက်ကြတော့တယ်။  အစကဆိုအမျိုးသမီးမလာရဘူး ပြီတော့အမျိုးသားအဖွဲ့တွေက နတ်ကြီးတက်ဟင်းချက်ဖို့ပြင်ဆင်ကြတယ်။  သက်ကြီးပိုင်းအဖိုးအဖွဲ့က နတ်ဆင်တွေရှေ့နတ်စာတွေပြင်ဆင်ကြတယ်။

 နံနက်  ၁၁နာရီလောက်ဆို နတ်တင်ထားတဲ့ ပေါက်ပေါက် ငှက်ပျောသီး  မုန့်ဖြူမုန့်နီ မုန့်မျိုးစုံတွေ နတ်တင်ထားတာပေါ့ ပြီးရင်နတ်ကြီးတက်လာတဲ့ လူဦးရေကိုတုတ်ချောင်းလေးတွေချိုးပြီးရေတွက်တယ် ။ ပြီးရင်နတ်တင်ထားတဲ့ မုန့်တွေကိုတစ်ယောက်စီဝေငှတယ် ပြီးရင် နတ်ကြီးတက်ဟင်းချက်မယ့်အမျိုးသားအဖွဲ့က နတ်ကြီးတက်ပွဲကိုယူလာတဲ့ ကြက်ဖိုကြက်မ ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက်အားလုံးကို ဒယ်ပိုင်းထဲထည့်ချက်တယ် ကျက်သွားရင် ယူလာကြတဲ့ ချိုင့်တွေထဲ တစ်ဦးဆီ ထည့်ပေးကြတယ် ။ 

နတ်ကြီးတက်ရဲ့အဓိကတော့ ကျေးရွာအရှင်ကြီးကို ဝါဝင်ဝါထွက် ပူဇော်ကြပြီး ကျေးရွာစောင့်ရှောက့်ဖို့ စီးပွားရေးကျန်းမာရေးအတွက် ဆုတောင်းကြပြီး နတ်ကြီးတက်ဟင်းနဲ့မုန့်ကို ဆေးဝါး အဖြစ်စားသုံးကြတဲ့ကျေးရွာ ဓလေ့လေးဖြစ်ပါတယ်စဝ့်။ 

Leave a Reply

Your email address will not be published. Required fields are marked *