ရှမ်းနီလူငယ်ကွန်ရက်များ အချင်းချင်း ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဆွေးနွေး

အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားအနီးတွင် စည်းဝေးနေကြစဉ်

ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက်နှင့် အင်းတော်ကြီးဒေသ ရှမ်းနီလူငယ်ကွန်ရက်တို့ အချင်းချင်း ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေး သင်တန်းများ ပေးနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇွန်လ (၁) ရက်နေ့က ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက်မှ ခေါင်းဆောင်များနှင့် အင်းတော်ကြီးဒေသ ရှမ်းနီလူငယ်ကွန်ရက်ခေါင်းဆောင်များ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားအနီးတွင်တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။

“ ဘာတွေဆွေးနွေးကြလဲဆိုတော့ ဗန်းမောက်လူငယ်တွေအတွက် စီမံခန့်ခွဲမှုသင်တန်းလုပ်ပေးချင်တယ် ။ လုပ်ပေးနိုင်တဲ့သူရှိလားတဲ့။ အခုကျမတို့လုပ်တဲ့ သဘာဝဆပ်ပြာရည် ဆပ်ပြာခဲ သင်တန်းလုပ်ပေးဖို့ အကူအညီတောင်းတယ်။ ဗန်းမောက်က ရှမ်းနီလူငယ်နဲ့ အင်းတော်ကြီးက ရှမ်းနီလူငယ်တွေလက်တွဲလုပ်ဖို့ ပေါ့” ဟု အင်းတော်ကြီး ရှမ်းနီလူငယ်ကွန်ရက်မှ နန်းအိအိအောင် က ဆိုသည်။

ထိုဆွေးနွေးမှု ရလဒ်အရ ဗန်းမောက်ရှမ်းနီလူငယ်များကို သဘာဝဆပ်ပြာရည် ဆပ်ပြာခဲ သင်တန်းပေးရန်အတွက် သဘောတူခဲ့ကြောင်း သိရသည်။

ဗန်းမောက်ရှမ်းနီလူငယ်ကွန်ရက်သည် မေလဆန်းပိုင်းတွင် ပြန်လည်ဖွဲ့စည်းခဲ့ကြပြီး အင်းတော်ကြီး ရှမ်းနီလူငယ်ကွန်ရက်သည် ၂၀၁၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *