ရှမ်းနီလူငယ်ကွန်ရက် (ဗန်းမောက်) စတင်ဖွဲ့စည်း

ရှမ်းနီလူငယ်ကွန်ရက် (ဗန်းမောက်) ဖွဲ့စည်းနေသည့်မြင်ကွင်း ( Photo/ Alinshin ( Bamuk) )

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီတိုင်းရင်းသား လူငယ်များနှင့် ရှမ်းနီသံဃာတော် တချို့ စုပေါင်းပြီး ရှမ်းနီလူငယ်ကွန်ရက် ( ဗန်းမောက်) ကို မေလ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ထို့ဖွဲ့စည်းခြင်းကို ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စု မံကုန်းကျေးရွာရှိ မံကုန်းရွာဟိတဓရဓမ္မစကူးလ်းကျောင်း​ဆောင်​ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

” ဗန်းမောက်​မြို့နယ်​ကသျှမ်းနီလူငယ်​ပညာတတ်​​လေး​တွေ စုစုစည်းစည်းနှင့်သျှမ်းနီအမျိုးအချင်းချင်းပရဟိတလုပ်​ငန်းတွေလုပ်​​ဆောင်​နိုင်​ဖို့ ၊ တစ်​ခြားတိုင်​းရင်​းသားလူငယ်​​တွေကသူတို့လူမျိုးရဲ့အမျိုးသားအ​ရေးကိုသိကြသလိုသျှမ်​းနီပညာတတ်​လူငယ်​​တွေလဲ အချိန်​တန်​ဘွဲ့ရ အလုပ်​လုပ်​ အိမ်​​ထောင်​ကျဆိုတဲ့အ​ခြေအ​နေက​နေအိမ်​​ထောင်​မကျခင်​ အမျိုးအတွက်​လုပ်​​ပေးနိုင်​ဖို့ နှင်​့အမျိုးချစ်​စိတ်​​တွေရှိလာ​အောင်​ သျှမ်းနီလူငယ်​ကွန်​ရက်​က​နေ​ရှေးက​နေမားမားမတ်​မတ်​လုပ်​​ဆောင်​​အောင်​ပါ ” ဟု ထိုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ အလင်းရှင် (ဗန်းမောက်) က ဆိုသည် ။

အဆိုပါ ကွန်ရက်သည် ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများ ၊ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု များကို ထိန်းသိမ်းမြင့်တင်သွားရန် နှင့် ရှမ်းနီတိုင်းရင်းသားမိဘပြည်သူများ၏ လူမှုရေး ၊ စီးပွားရေး များကို ဝိုင်းဝန်းကူညီရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

ထိုကွန်ရက်အဖွဲ့သည် လွန်ခဲ့သည့်နှစ်ကတည်းက ယာယီဖွဲ့စည်းထားမှုများရှိခဲ့ပြီး ယခုအချိန်မှာသာ အတည်တကျပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။

ဗန်းမောက်မြို့နယ်တွင် ရှမ်းနီတိုင်းရင်းသား အများဆုံးနေထိုင်သည့်မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒုတိယအများဆုံးနေထိုင်သည့်မြို့တစ်မြို့လည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *