

အောက်တိုဘာ ၁၀ ၊ မနီလာ
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၄ အဆင့်ရှိ ငလျင်တစ်ခု အောက်တိုဘာ ၁၀ ရက်မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ဆိုင်ရာအေဂျင်စီတွေက နိုင်ငံအများအပြားမှာ ဆူနာမီသတိပေးချက်တွေကို ထုတ်ပြန်ထားသလို ကမ်းရိုးတန်းဒေသက ပြည်သူတွေကို ကုန်းတွင်း၊ကုန်းမြင့်ပိုင်းတွေကို ပြောင်းရွှေ့ဖို့အတွက် တိုက်တွန်းထားပါတယ်။
ပစိဖိတ်ဆူနာမီသတိပေးဌာနက အစောပိုင်းမှာ လှိုင်းအမြင့် ၃ ပေမှ ၉ ပေအထိ ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
ရိုက်တာသတင်းဌာနက အတည်ပြုထားတဲ့ ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုမြို့မှာ လှုပ်ခတ်ခဲ့သော ဗီဒီယိုဖိုင်ကို လူမှုမီဒီယာမှာ တင်ပြီးအဆောက်အဦးတွေရဲ့ ဆူညံသံနဲ့အတူ ရုံးဝန်ထမ်းတွေက စားပွဲများအား ကိုင်ဆောင်နေမှုတွေကို ပြသခဲ့ပါတယ်။
နောက်တစ်ခုက ဗီရိုတွေ ပြုတ်ကျတာကို ပြပြီး အပြင်မှာ စုဝေးနေတဲ့ အလုပ်သမားတွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းခိုင်းပါတယ်။
ဖိလစ်ပိုင်ကမ်းရိုးတန်းမြို့ မာတီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာရုံးမှ ရေဒီယိုအော်ပရေတာ Jonathan Dolotina က အသေအပျောက်သတင်းများ ချက်ချင်းမရရှိကြောင်းနှင့် အာဏာပိုင်များက ပျက်စီးသွားသော ကျောင်းအဆောက်အအုံကို စစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ Davao Oriental အုပ်ချုပ်ရေးမှူးက ငလျင်လှုပ်ခတ်ချိန်မှာ လူတွေ ထိတ်လန့်သွားတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ပိုင်း ဆူလာဝေစီနှင့် ပါပူဝါဒေသများအတွက် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားပြီး အင်ဒိုနီးရှားနှင့် ပစိဖိတ်ကျွန်းနိုင်ငံ Palau ရှိ ကမ်းရိုးတန်းအချို့တွင် ၃ ပေအထိ လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း ပြောဆိုထားပါတယ်။