




မတ် ၂၇ ၊ အင်းတော်ကြီး
အင်းတော်ကြီး ရွှေမဥ္ဇူရေလည်ဘုရား ထီးတော်အသစ်ကို ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တင်လှူပူဇော်လိုက်ပြီ ဖြစ်တယ်လို့ ဂေါပကတွေထံကနေ သိရပါတယ်။
ထီးတော်တင်ပွဲကို စည်စည်ကားကားမကျင်းပတော့ဘဲ အင်းတော်ကြီးဒေသက ဆရာတော် သံဃာတော်များ က ဗုဒ္ဓဒါ ဘိသေက အနေကစာတင် ဆွမ်းတော်ကြီးကပ်လှူမှုတွေ ကို ဒေသခံအနည်းအကျဉ်းနဲ့ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနှစ် ၁၂၃၀ ခုနှစ် (ခရစ်နှစ် ၁၈၆၄ ခု) နယုန်လဆန်း ၆ ရက်နေ့မှာဘုရားရဲ့ ထီးတော်ကို စတင်တင်လှူခဲ့တာဖြစ်ပြီး ဉာဏ်တော်မှာ အမြင့် ၁၅ ပေကျော်ရှိတယ်လို့ သိရပါတယ်။
မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်မှာ ထီးတော်အသစ်ကို ထပ်မံတင်လှူခဲ့သလို နဝတစစ်အစိုးရခေတ်မှာလည်း ထီးတော်အသစ် တင်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။
ဘုရားပွဲတော်ကိုတော့ နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း (၈) ကနေ့ လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး ၂၀၂၁ ခုနှစ်ကစလို့ ဒီနှစ်အထိ ဘုရားပွဲတော်ကို ပျော်ပွဲရွှင်ပွဲ နဲ့ ကဇာတ်တွေ၊ ပွဲတော်တွေမပါဘဲ အကျဉ်းချုံးသာကျင်းပနေတာလည်းဖြစ်ပါတယ်။
