
ဇွန်(၁၆)၊ ပေကျင်း
ဒီနေ့ဇွန်လ(၁၆)ရက်နေ့ မနက်ပိုင်းမှာ တရုတ်နိုင်ငံ၊ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ(MOU) (၁၈) ချက်တို့ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြလာပါတယ်။
ဒီ(၁၈)ချက်ထဲမှာ နှစ်နိုင်ငံ လုံခြုံရေး၊ကုန်သွယ်ရေး၊စီးပွားရေး၊ကျန်းမာရေးနဲ့ မီဒီယာ အပြင် နည်းပညာကဏ္ဍများ အဓိကပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို ပူးတွဲမြင့်တင်ခြင်းနဲ့မဲခေါင်ဒေသက နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး လွယ်ကူစေဖို့တွေ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှ ၂၀၂၂ ခုနှစ်ကနေ စတင်အကောင်အထည်ဖော်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို မြန်မာအပါအဝင် အာရှနိုင်ငံ(၂၀)ကျော်အပါအဝင် နိုင်ငံပေါင်း (၁၃၀)ကျော်က ထောက်ခံထားပြီး အဓိကအားဖြင့် ဆိုက်ဘာလုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော်တိုက်ခိုက်ခြင်၊စွက်ဖက်ခြင်းတို့ကို ကာကွယ်ရန်ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံသမ္မတတွေ့ဆုံခြင်းအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ပြည်နယ်အကြီးအကဲများတွေ့ဆုံခြင်းနဲ့ အာကာသစခန်းသို့ လေ့လာခြင်းများပြုလုပ်ခဲ့ပြီး လုံခြုံရေးဆိုင်ရာနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ်လို့ မြန်မာပြည်တွင်းမှာလည်း ထုတ်ပြန်ထားပါတယ်။
ဒီခရီးစဉ်အတွက် ဇွန်လ(၁၅)ရက်ကနေ (၁၉)ရက်နေ့အထိ သမ္မတရှီက ဦးမင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်ဝန်ကြီးများ ပါဝင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံကို ဖိတ်ကြားခဲ့တာကြောင့် မနေ့က ရောက်ရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘက်ကနေ အသွင်ပြောင်းအစိုးရ ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးနောက် အခုနိုင်ငံခြားခရီးစဉ်က တစ်လအတွင်းမှာ ဒုတိယအကြိမ်မြောက်
