ဝိုင်းမော်မြို့နယ်တွင် သိန်းတစ်ထောင်ကျော်ဖိုး မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဇွန် ၁၈၊ ဝိုင်းမော်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က မိုင်းနားကျေးရွာ ဗလမင်းထင်စစ်ဆေးရေးဂိတ်အနီးတွင် ဇွန်(၁၄)ရက်က ငွေကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

ဘိန်းဖြူ ၄ ဒသမ ၅၉ ကီလို( တစ်ကီလိုကို ငွေကျပ်သိန်း ၂၂၀ နှုန်း) တန်ဖိုးရှိပြီး စုစုပေါင်းငွေကျပ် ၁၀၀၉ ဒသမ ၈ သိန်းတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိသူမှာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် (၂၂) အရွယ် ကျော်ဝင်းသိန်းဖြစ်ပြီး သူမောင်းလာတဲ့ TOYOTA HILUX REVO အမျိုးအစားမော်တော်ကားကို တားဆီးစစ်ဆေးရှာဖွေရာ တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် သူနဲ့ဆက်စပ်ပြီး ကွင်းဆက်ဖော်ထုတ်ရာမှာ အဲ့ဒီနေ့ ည ၆ နာရီခွဲအချိန်တွင် စိုင်းခင်(ခ) ဝင်းအောင်ခင် အသက်(၃၉) နှစ်ကိုလည်း မြစ်ကြီးနားမြို့ ၊တပ်ကုန်းရပ်ကွက်နေအိမ်မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုထားပါတယ်။

ပစ်မှုကျူးလွန်သူ နှစ်ယောက်အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

တစ်ရက်ထဲမှာပဲ  မိုးညှင်းမြို့နယ် နန့်စီးအောင်စစ်ဆေးရေး ဂိတ်မှာ ဖားကန့်မြို့ မော်ရှန်ရပ်ကွက်အတွင်းနေထိုင်သူ ကျားရော်ကိုလည်း ဘိန်းဆီခဲ ၁၆ ကီလို ငွေကျပ်တန်ဖိုးအာဖြင့် ၂၂၄ သိန်း နဲ့ နောက်ထပ်မြန်မာငွေ ၁၀ သိန်းကိုလည်း ဖမ်းဆီးသိမ်းယူခဲ့တယ်လို့ CCDAC Myanmar က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ကလည်း ဝိုင်းမော်မြို့၊နတ်မြစ်ခတံတားအနီးမှာ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၄၇ ကီလိုကျော်နဲ့ စိတ်ကြွဆေးပြား ၇ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *