အမေရိကန်-အီရန်စစ်ပွဲကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှု (၂) ရာခိုင်နှုန်းသာ ရှိနိုင် 

ဇွန်(၁၆)၊ ရန်ကုန်

၂၀၂၆-၂၀၂၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ (၃)ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားရာကနေ အခုအမေရိကန်-အီရန်နိုင်ငံတို့ရဲ့ စစ်ပွဲကြောင့် (၂)ရာခိုင်နှုန်းသာ တိုးတက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ် (World Bank Group )က ဒီနေ့ ဇွန်(၁၆)ရက်မှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းမှာ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ အနည်းငယ်ပြန်လည်ကောင်းမွန်လာပြီး တည်ငြိမ်လာပေမယ့် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ အမေရိကန်-အီရန်စစ်ပွဲရဲ့ စက်သုံးဆီပြဿာနာဟာ မြန်မာကလည်း ရိုက်ခတ်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လောင်စာဆီမလောက်ငှမှုပြဿနာတွေ ကြုံနေပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် လုပ်ငန်းရပ်နားရမှုတွေနဲ့ တိုးချဲ့နိုင်ခြင်းမရှိမှုတွေ ဖြစ်ပေါ်နေကြောင်း သုံးသပ်ထားတယ်။

ဒါ့အပြင် ကုန်စည်ထုတ်လုပ်ရေးနဲ့ သယ်ယူပို့်ဆောင်ရေးစရိတ်စကတွေ တိုးမြှင့်လာခြင်းတို့လည်း ရှိလာတယ်လို့ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။

နောက်ဆက်တွဲအနေနဲ့ လည်းငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးဝါးလာစေပြီး မတ်လမတိုင်ခင်လတွေအထိ  ၂၁ ရာခိုင်နှုန်းကျော်ရှိလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာလည်း ၂၉.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မတိုင်ခင် နှစ်များနဲ့ နှိုင်းယှဉ်ရင် နှုန်းအလွန်မြင့်မားနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *