ခေါင်လန်ဖူးကဒေသခံအများအပြား ပူတာအိုသို့ စစ်ဘေးတိမ်းရှောင်လာ

ဇူလိုင် ၃၀၊ ပူတာအို

ခေါင်လန်ဖူးမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံအများအပြား ပူတာအိုမြို့နယ်ထဲကို  စစ်ဘေးတိမ်းရှောင်လာတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဇူလိုင် ၁၀  ရက်နေ့ထဲကစလို့ ခေါင်လန်ဖူးမြို့နယ်အတွင်းမှာ  စစ်တပ်၊ ပြည်သူ့စစ် နဲ့  KIA+PDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ယခုချိန်ထိဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။

KIA+PDF ပူးပေါင်းတပ်များက ခေါင်လန်ဖူးမြို့က တရုတ်နယ်စပ်မှတ်တိုင်(၃၀) အနီး စစ်တပ်ရဲ့ တပ်စခန်း(၃)ခုကို သိမ်းယူခဲ့ပြီးနောက် ဇူလိုင် (၁၇) ရက်နေ့မှာတော့ စစ်တပ်ကထပ်မံအင်အားဖြည့်ကာထိုးစစ်ဆင်ခဲ့မှုကြော င့်စစ်ရေးတင်းမာနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အမှတ် (၃၀) အနီးကျေးရွာက အိမ်ခြေ (၇၀)ခန့် ပူတာအိုမြို့သို့ ရက် (၂၀ ) ကျော်ခြေလျင်လျှောက်ကာ  တိမ်းရှောင်ခဲ့ကြရတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဆေးဝါးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရပြီး ဆွေမျိုးအိမ်များနဲ့ ဂျူဗလီကျေးရွာက ဘိန်းဖြတ်စခန်းမှာ နေထိုင်နေကြပြီး သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းနေအရွယ်ကလေးငယ်များနဲ့ အရေးပေါ်လူနာများလည်းပါခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိတိမ်းရှောင်လာသူများမှာ အမတ်ပေါ်၊ ရှိန်းခေါင်နဲ့ လန်ဆယ်ကျေးရွာကဒေသခံတွေ အများဆုံးဖြစ်ပါတယ်။ 

အဆိုပါ ဒေသများဟာ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲပြီး မဂွေဇရွာနဲ့ ခေါင်လန်ဖူးဒေသလမ်းပိုင်းကို တံတားများဆောက်လုပ်မှုများရှိခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် နှစ်စဉ် စားဝတ်နေရေးပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *