အောက်တိုဘာလအတွင်း ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံကို သွားရောက်ဖို့ရှိ

အောက်တိုဘာလ(၂)ရက် ၊ နေပြည်တော် 

အခုအောက်တိုဘာလအတွင်းမှာ ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့ဟာ မလေးရှားနိုင်ငံကို  လာရောက်ဖို့ရှိတဲ့ အကြောင်း  မလေးရှားအစိုးရပိုင် သတင်းတွေကဖော်ပြပါတယ်။ 

ခရီးစဉ်အကြောင်းနဲ့ နေ့ရက်တွေကို   တိတိကျကျပြောဆိုထားခြင်းမရှိပေမယ့် အလုပ်သဘောခရီးစဉ် ၊ချစ်ကြည်ရေးခရီးစဉ် အဖြစ် ဦးမင်းအောင်လှိုင် တရားဝင်လာရောက်ဖို့ ရှိတယ်လို့  မလေးရှားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။

အခုခရီးစဉ်က သူသမ္မတရာထူးတာဝန်ယူပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံသို့ သွားရောက်တဲ့ နိုင်ငံတွေထဲ (၅)နိုင်ငံမြောက် ဖြစ်လာမှာဖြစ်ပြီး မလေးရှားဝန်ကြီးချုပ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာလို့ သိရပါတယ်။

မကြာသေးမီ စက်တင်ဘာလကုန်ပိုင်းမှာ  မလေးရှားနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်သူ နဲ့ ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား (၁၅၀၀) နီးပါးကို  မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပို့ပေးခဲ့ပါတယ်။

မြန်မာရေတပ်က စစ်ရေယာဉ်သုံးစီးနဲ့  မလေးရှားနိုင်ငံကို သွားရောက်ပြီး စက်တင်ဘာ (၂၉)ရက်နေ့မှာ ခေါ်ဆောင်ထွက်ခွာခဲ့တာဖြစ်တယ်လို့  သတင်းထုတ်ပြန်ခဲ့မှုအရ  သိရပါတယ်။

နောက်ထပ်လည်း မလေးရှားနိုင်ငံကနေ ဒုက္ခသည်များပြန်ပို့ရေး အစီအစဉ်မှ မြန်မာနိုင်ငံသား  သုံးထောင်ကျော်ကို  ပြန်ပို့ဖို့ ရှိသေးကြောင်း ဆိုထားပါတယ်။

ဒီလို မြန်မာစစ်တပ်ထံ ပြန်လည်လက်လွှဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုံခြုံရေးအခြေအနေကို နိုင်ငံတကာကဝေဖန်ချက်တွေရှိနေမှုအတွက် ဝန်ကြီးချုပ်အန်ဝါအီဗရာဟင်က  ” သူတို့ကို ပြန်ပို့ရုံမဟုတ်ဘဲ သူတို့ရဲ့ လုံခြုံရေးအတွက် သေသေချာချာဆွေးနွေးအတည်ပြုပြီးမှ ပို့တာပါ” လို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂဘက်ကတော့ ဒီခေါ်ယူမှုအပေါ် စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုထားပြီး ရပ်တန့်ဖို့အတွက်ကို တောင်းဆိုထားပါတယ်။ 

အခုဦးမင်းအောင်လှိုင်သွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ မြန်မာဘက်ကနေ ထုတ်ဖော်ပြောဆိုမှုတွေတော့ မရှိသေးပါဘူး။

သူက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ လာအို၊ထိုင်း၊ဗီယက်နမ် နဲ့ကမ္ဘောဒီးယား တို့အပြင် ရရှား၊ တရုတ် ၊ လာအို၊ ဘီလာရုစ် စတဲ့ (၈) နိုင်ငံသို့ သွားရောက်ထားပြီးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *