CDM ဝင်ထားတဲ့ရဲတပ်ဖွဲ့ဝင်၂၉၃၇ဦးအထိချိတ်ဆက်ထားလို့ NUG ဆို 

ဧပြီ ၂၆ ၊ ရန်ကုန် 

CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးရှိနေပြီဖြစ်တယ်လို့ NUG က မနေ့က ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြောလာခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ခြောက်ထောင် နဲ့ ခုနှစ်ထောင်ကြားမှာရှိနေပြီး  NUG ရဲ့ ပြည်ထဲဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို မချိတ်ဆက်ရသေးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။​

ဝန်ကြီးဌာနကို မချိတ်ဆက်ရေသေးတဲ့ CDM ဝန်ထမ်းတွေကို လာရောက်ချိတ်ဆက်ဖို့ဆောက်ရွက်ဖို့လည်း အသိပေးထားပါတယ်။ 

စစ်ကောင်စီထံ  ပူးပေါင်းတာဝန်ထမ်း ဟန်ဆောင်ပြီး ပြည်သူ့ဘက်ရပ်တည် နေတဲ့  Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားက (၃၄) ဦးရှိနေတယ်လို့လည်းဆိုပါတယ်။ 

NUG ထုတ်ပြန်တဲ့ ရဲတပ်ဖွဲ့ CDM စာရင်းမှာ ရဲမှူး (၂) ဦး ၊​ ဒုရဲမှူး (၁၂) ဦး ၊ ရဲအုပ် ( ၄၄) ဦး အထိပါဝင်ပြီး တခြား တပ်သားနှစ်ထောင်ကျော် ၊ အကျဉ်းဦးစီးဌာနကလည်း  (၃၀) ဦးထိပါဝင်နေတာကို တွေ့ရပါတယ်။ 

ကျန်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ ပြောဆိုထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးရင် ပြည်သူအပေါ်အကြမ်းဖက်ရာ သက်ရောက်နေတယ်လို့ မှတ်ယူပြီး တရားဥပဒေနဲ့အညီ အပစ်ပေးအရေးယူခံရမယ်လို့ ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *